Pages

Wednesday, May 30, 2012

စင်္ကာပူ ပိုလီ ၀င်ခွင့်အတွက် စဉ်းစားသွားမည်ဟု ဆို

Wednesday, May 30, 2012  အိမ့်သံစဉ်  

ဝင်ခွင့်ရရှိဖို့ ခက်ခဲ လာတဲ့ စင်္ကာပူ ပိုလီ ၀င်ခွင့်ဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ ဆိုရင်တော့ တက်ရောက်ခွင့် ပြုလျက် ရှိတယ်လို့ Singapore Tourism Board မှတစ်ဆင့် Ministry of Education မှပြောကြား ခဲ့တယ်လို့ Crown Education မှ သိရပါတယ်။



ဒီလို စင်္ကာပူ နိုင်ငံရဲ့ ပိုလီ ၀င်ခွင့်ကို မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နှစ်စဉ် လျှောက်ထားကြပြီး အဲ့ဒီလို လျှောက်ထား ရာမှာ တစ်နှစ်ကို လူဦးရေ ၃၅၀ ကနေ ၅၀၀ နီးပါး အထိ လျှောက်ထား ကြတာ ဖြစ်ပါတယ်။

အခုလို ပိုလီ ၀င်ခွင့်ကို လျှောက်ထားသူ များပြား နေခြင်းမှာ ပညာသင် ထောက်ပံ့ကြေး ၈၀ ရာခိုင်နှုန်း ရရှိမှု၊ ကျောင်းပြီးရင် အလုပ်အကိုင် အခွင့်အရေး ခိုင်မာမှု တွေကြောင့် ဖြစ်ပါတယ်။ အခုအခါ မှာတော့ ပိုလီဝင်ခွင့် တွေကို အရင်ကထက် သတ်မှတ်ချက်တွေ ပိုမိုတင်းကြပ် လိုက်တာကြောင့် ၀င်ခွင့်ရရှိမှု ခက်ခဲလာ ပါတယ်။

ယခုနှစ်မှာ ပိုလီဝင်ခွင့် အတွက် တက္ကသိုလ် ၀င်တန်း ရမှတ်၊ i GCSE အမှတ်တွေ သာမက မိမိတို့ တက်ရောက်မယ့် ဘာသာရပ်နဲ့ ရရှိတဲ့ ရမှတ်တွေ ကိုက်ညီမှု ရှိ၊ မရှိကိုပါ ထည့်သွင်း စဉ်းစားပြီးမှ တက်ရောက် ခွင့်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

By MRTV-4