Pages

Wednesday, May 16, 2012

လောင်းလုံမြို့နယ်၊ မင်းရပ်ကျေးရွာတွင် မင်းကိုနိုင်မှ ဟောပြောဆွေးနွေးနေစဉ်။


ပုံမှာ - လောင်းလုံမြို့နယ်၊ မင်းရပ်ကျေးရွာတွင် မင်းကိုနိုင်မှ ဟောပြောဆွေးနွေးနေစဉ်။
၈၈မျိုးဆက်ကျောင်းသားများသည် ထားဝယ်မြို့သို့ ယနေ့ (မေလ၊ ၁၅ရက်) နံနက် ၇း၅၀ နာရီတွင် ရောက်ရှိလာကြပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ဆွေးနွေးပွဲများကို လောင်းလုံမြို့နယ်နှင့် အောက်ရေဖြူကျေးရွာတို့တွင် ဆွေးနွေးဟောပြောခဲ့ကြသည်။ လောင်းလုံမြို့နယ်တွင် မင်းရပ်ရွာ ၊ ပန္ဒလဲကျေးရွာ၊ လောင်းလုံမြို့၊ ညင်းမော်ရွာနှင့် အောက်ရေဖြူကျေးရွာတို့တွင် ဆွေးနွေးဟောပြောခဲ့ကြသည်။ မင်းရပ်ကျေးရွာသို့ အရောက်တွင် မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းက ဖြုတ်ချခိုင်းထားသော "၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား လှိုက်လှဲစွာကြိုဆိုပါ၏" စာတမ်းပါ ဆိုင်းပုဒ်ကို ပြန်တင်ပြီး ဟောပြော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

By: ‎88 Generation Students(facebook)