Pages

Thursday, May 31, 2012

စမတ်ဖုန်းများနှင့် ချိတ်ဆက်သုံးနိုင်မည့် စမတ်နာရီ

Planet Myanmar Network
Wednesday
စမတ်ဖုန်းနှင့် Bluetooth အသုံးပြု ချိတ်ဆက်နိုင်ပြီး စမတ်ဖုန်းမှ text message များကို ဖော်ပြပေးနိုင်မည့်အပြင် သီချင်းနားထောင်သည့် စနစ်ကို ထိန်းချုပ်နိုင်သော စမတ်နာရီများ (smart watch) ထုတ်လုပ်မည့် စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကြောင့် နှစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ သန်းထိ တန်ဖိုးမြင့်တက်လာကြောင်း Daily Mail က ဖော်ပြသည်။
နာရီထုတ်လုပ်သူများက တစ်လအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်း တန်ကြေးရှိလာမည်ဟု ခန့်မှန်းခဲ့သော်လည်း နာရီထုတ်လုပ်မည့် စီမံကိန်းကို Kickstarter ဝက်ဘ်ဆိုက်တွင် ကြေညာအပြီး နာရီပိုင်းအတွင်း ထိုပမာဏသို့ ရောက်ရှိလာခဲ့သည်။
E Ink screen အသုံးပြုထားသည့် စမတ်နာရီများမှာ Android နှင့် iPhone စမတ်ဖုန်း အမျိုးအစားများနှင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Photo