Pages

Tuesday, May 29, 2012

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ထွက်ခွာလာပြီ

Tuesday, May 29, 2012  အိမ့်သံစဉ်  


ဓာတ်ပုံ- ဒီမိုဝေယံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ၂၄ နှစ်တာအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အတွက် ရန်ကုန် လေဆိပ်ကနေ ထွက်ခွာရန် အချိန် တွေ့မြင်ရမည့် မြင်ကွင်း တချို့ပါ။

ရန်ကုန်လေဆိပ်ကနေ မြန်မာစံတော်ချိန် ၇ နာရီ ၄၅ မိနစ်က ထိုင်းလေကြောင်းလိုင်း တခုဖြစ်တဲ့ TG-306 နဲ့ ထွက်ခွာသွား ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သုဝဏ္ဏဘုမ္မိ လေဆိပ်သို့ ည ၉ နာရီမှာ ရောက်ရှိ မှာ ဖြစ်ပါတယ်။



လေဆိပ်နားနေဆောင်တွင် ထိုင်းနိုင်ငံသို့ မထွက်မီ ၊ ဓာတ်ပုံများ- Yangon Media Group






ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့သည် အခြား ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ရောက်မယ့် ဧည့်သည်တော်များ တည်းခိုရာ ဘန်ကောက်ရှိ Shangrila Hotel မှာ တည်းခိုမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မနက် ၉ နာရီက ၁၀ နာရီအထိ ထိုင်းနိုင်ငံတောင်ပိုင်းက
စမွတ် စခွန်ခရိုင် မဟာချိုင် မြို့က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဒေသမှာ ရှိတဲ့ အလုပ်သမား သမဂ္ဂရုံးအပေါ်ထပ်ကနေ မိန့်ခွန်း ဟောပြောမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင် လုပ်ကိုင် ခွင့် အလုပ်သမား လက်မှတ် ပြုလုပ်ပေးမှု အခြေအနေများကို လည်း လေ့လာရန် ရှိကြောင်း၊ မြန်မာ အလုပ်သမားများနှင့် မိသားစုဝင် များကိုလည်း တွေ့ဆုံ စကားပြောရန် ရှိကြောင်း အလုပ်သမားအရေး ကူညီနေသူ တဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် မေလ ၃၀ ရက် ဘန်ကောက်မြို့၌ စတင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောရန်ရှိပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့လည်း သွားရောက် လေ့လာရန်ရှိကြောင်း သိရသည်။