Pages

Wednesday, May 23, 2012

ပြည်မြို့ မှာလည်း လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပြီ



ပြည်မြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲ (ဓါတ်ပုံ-ကိုကိုမောင်)
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲကို
ပြည်မြို့၊ မြို့နယ် လျှပ် စစ်ရုံးအရှေ့တွင်၂၂.၅.၂၀၁၂ ယနေ့ ည ၉း၀၀ နာရီ
အချိန်တွင် စတင်ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်မှုမှာ အချိန် ၁၅ မိနစ်တိတိ ကြာမြင့် ခဲ့၍ ဆန္ဒပြထုတ်
ဖော်မှုပြုလုပ်ပြီး နောက် ပြည်မြို့တစ်မြို့လုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်
နေခဲ့ ရာမှ မြို့တစ်ဝက်ခန့်ကို ချက်ချင်း လျှပ်စစ်မီး ပြန်လည်ပေးအပ်ခဲ့ ကြောင်း
ပြည်မြို့ ခံတွေ ပြောပြချက်အရသိရပါတယ်။

Myanmar News Now