Pages

Thursday, May 17, 2012

လက်သံပြောင်တဲ့ မန္တလေးကျောင်းအုပ်


Thursday, May 17, 2012  Sithu Linn   မန်းသားလေး

photo by Justice Assessor

မန္တလေးပညာရေးကောလိပ် ဒုတိယကျောင်းအုပ်က နေ့စောင့်လုံခြုံရေးဝန်ထမ်း ကိုမြင့်လွင် ဆိုသူကို ကုလားထိုင်နဲ့ သုံးချက်ရိုက်လိုက်ပါတယ်။

လုံခြုံရေးဝန်ထမ်း လက်တဘက် ကျိုးသွားပြီး မျက်ခုံး ငါးချက်ချုပ်ရတဲ့အထိ ဒဏ်ရာ ရသွားပါတယ်။

ကျောင်းအုပ်က ဘာကြောင့် ဒီလိုရိုက်ရတာလဲ။



တာဝန်ထမ်းဆောင်ချိန်မှာ ကွမ်းယာဝယ်ဖို့ အပြင် ခဏထွက်သွားတာကို သည်းမခံနိုင်ဘဲ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ကိုမြင့်လွင်က ပြောပါတယ်။

ဒီကိစ္စကို မကျေနပ်တဲ့ လုံခြုံရေးဝန်ထမ်းက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ် တဲ့။

ဒုတိယကျောင်းအုပ်ကြီး ဘယ်လို အရေးယူခံရသလဲ မသိပါဘူး၊ လုံခြုံရေးဝန်ထမ်းကတော့ မြစ်ကြီးနားကို ပြောင်းရွှေ့ တာဝန်ပေးခံလိုက်ရပြီလို့ သိရပါတယ်။