Pages

Wednesday, May 2, 2012

ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီး အပြောင်းအလဲ ရှိမည်ဆိုသည့် သတင်းထွက်ပေါ်မှုအပေါ် ဒီမိုကရေစီစနစ်ဖြစ်၍ ကြုံလျှင်ကြုံရနိုင်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား



Tuesday, 01 May 2012 11:09
အစိုးရအဖွဲ့အတွင်း ၀န်ကြီးများ အပြောင်းအလဲရှိမည်ဟု သတင်းထွက်ပေါ်နေမှုအပေါ် ဒီမိုကရေစီစနစ်ဖြစ်၍ အခြားဒီမိုကရေစီ နိုင်ငံများတွင်လည်း ပြောင်းလဲတတ်သည့် အလေ့အထ ရှိသည့်အတွက် ကြုံလျှင်ကြုံရနိုင်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံပွဲတွင် မီဒီယာများမှ  ‘အစိုးရအဖွဲ့အတွင်း ၀န်ကြီးအပြောင်းအလဲ ရှိမရှိ’ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ဒါကတော့ ဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက် ကြုံရင်လည်း ကြုံရနိုင်တယ်လေ။ ဒီမိုကရေစီစနစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ၀န်ကြီးချုပ်တောင် အပြောင်းအလဲ ဖြစ်တာရှိတာပဲ။ လွှတ်တော်တွေထဲမှာလဲ အပြောင်းအလဲ ရှိနေကြတာပဲ။ ဒီမှာပဲ ဒီမိုကရေစီ စနစ်ဖြစ်တဲ့အတွက် ကြုံရင်ကြုံမယ် ရှိရင်ရှိလာနိုင်တယ်လေ”ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။