Pages

Wednesday, May 23, 2012

အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနမုံရွာကြေးနီစီမံကိန်းလဘ်စားမြှု

 DVB
အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနနဲ့ ကနေဒါ Ivanhoe ကုမ္ပတို့ ဖက်စပ်လုပ်ကိုင်ခဲ့တဲ့ မုံရွာကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ တရုတ်ကုမ္ပဏီတို့ထံ လွဲပြောင်းရောင်းချချိန်မှာ အမေရိကန်ဒေါ်လာ (၃) သန်း ကျော်ဖိုးလောက် လဘ်စားမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလဘ်စားမှုမှာ စက်ရုံမှုး ဦးအောင်လောဟာနဲ့ စီမံကိန်းထိပ်တန်းအရာရှိကြီးတွေ ပါဝင်တာကြောင့် အဲဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ ၀န်ထမ်း (၄၀၀) ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး ဖေဖေါ်ဝါရီလ (၇) ရက်နေ့က သမ္မတဥိးသိန်းစိန်ထံ စာရေးတိုင်ကြားခဲ့ပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ကနေ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ကို လွှဲပြောင်းတော့မှာမို့ ၂၀၁၀ ဒီဇင်ဘာလ (၃၁) ရက်နေ့ကစပြိး လုပ်ငန်းအားလုံးရပ်ဆိုင်းဖို့ အထက်က ညွှန်ကြားထားပေမဲ့ စက်ရုံမှုး ဥိးအောင် လောဟာက မလိုက်နာခဲ့ဘူးလို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁)ရက်ကနေ (၄)ရက် နေ့အထိ စက်ရုံကို ဆက်တိုက်လည်ပတ်ပြီး ကြေးနီသတ္ထုတန်ချိန် ၄၀၀ နီးပါးလောက်ကို တရားမ၀င် ရောင်းစားခဲ့ကြောင်း ဒီမို ကရ့က်တစ်မြန်မာ့အသံက လက်ခံရရှိထားတဲ့ ၀န်ထမ်းတွေရဲ့တိုင်စာမှာ ဖေါ်ပြထားပါတယ်။