Monday, 21 May 2012 13:15 |
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်းမှ
EMSI (Express Mail Services International ) ဌာနအား တွေ့ရစဉ်အဆိုပါ ဆက်သွယ်ရေး၊ စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာနလက် အောက်ရှိ အမြန်ချောပို့လုပ်ငန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ရန် ၀န်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း၊ သို့သော်ဝန်ကြီးဌာနအနေဖြင့် ဆွေးနွေးမှုများသာ ပြုလုပ်လျက်ရှိသေးကြောင်း သိရှိရသည်။ လက်ရှိတွင်လုပ်ကိုင်မည့် ကုမ္ပဏီများအား စိစစ်နေကြောင်း၊ စိစစ်ကာလပြီးသွားပါက နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ နှစ်ရှည်ငှားရမ်းခွင့် လျှောက်ထားသော ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများအား အသိပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါတာဝန်ရှိသူထံမှ သိရှိရသည်။ “အခုနှစ်ရှည် ငှားရမ်းလုပ်ကိုင် ခွင့်လျှောက်ထားတဲ့ ကုမ္ပဏီတွေ ဒီလုပ်ငန်းကို အမြတ်အတွက်ချည်းပဲ ငှားရမ်း လုပ်ကိုင်ခွင့်ပေးမှာ မဟုတ်ဘူး။ လုပ်ငန်းကို ဘယ်လောက်အဆင့် မြှင့်တင်မလဲ၊ ဘယ်လို ၀န်ဆောင်မှုကောင်းတွေ ပြုလုပ်မလဲ၊ အဲဒါတွေကို စိစစ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ပြီးမှဝန်ကြီး ဌာနအကြီးအကဲတွေက ဆုံးဖြတ်ပြီး ပေးသွားမှာပါ” ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ လက်ရှိဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်တွင်ရှိသော EMSI (International Express Mail Services ) အမြန်ချောပို့မှာ ပြည်လမ်း စမ်းချောင်းမြို့နယ်တွင်ရှိပြီး နိုင်ငံပေါင်း ၁၀၂ နိုင်ငံနှင့် ဆက်သွယ်၍ ၀ ဒသမ ၅ ကီလိုဂရမ် မှ ၂၀ ကီလိုဂရမ်အထိ တင်ပို့ခြင်း၊ တင်သွင်းခြင်းများ ပြုလုပ်နိုင်ကာ ၀န်ဆောင်ခအနေဖြင့် င်္ FEC20 မှ FEC 329 အထိ နိုင်ငံပေါ်မူတည်၍ ပေးဆောင်ရကြောင်းလည်း သိရှိရပါသည်။ |
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago