Pages

Thursday, May 17, 2012

Facebook က ပေါ်ပင် လား



120515060134-facebook-logo-figurines-story-topအမေရိကန် လူမျိုး ထက်ဝက် ခန့် က Facebook မှာ ပေါ်ပင် လုပ်ဆောင်မှု ကို ခွင့် ပြုနေသည့်
အရာ တစ်ခု အဖြစ် ရှု မြင် ကြသည် ဟု AP သတင်းဌာန နှင့် CNBC မှ လုပ်သည့် စစ်တမ်း တစ်
ရပ် တွင် ဖော် ပြထား သည်။
အသက် ၁၈ နှစ် ကျော် အရွယ်ရှိ လူ ၁၀၀၄ ဦး ကို စစ်တမ်း ကောက်ယူကြည့် ရာ Facebook သည်
သိပ် မကြာ သည့် အနာဂတ်မှာ ပင် ပျောက်ကွယ် သွား လိမ့် မည် ဟု ဖြေဆိုကြသည်။

AP နှင့် CNBC ၏ စစ်တမ်း ကောက်ယူမှု သည် Facebook ကုမ္ပဏီ ၏ ရှယ် ယာများ အများ ပြည်
သူ သို့  ရောင်းချ ရန် ရက် ပိုင်း အလို တွင် ဖြစ်သည်။ အသက် ၂၈ နှစ် အရွယ် ရှိ ဖေ့ဘွတ် တည်ထောင်
သူ မတ်(ခ) ဇူကာ ဘဂ်က အစုရှယ်ယာ  ၃၄ ဒေါ်လာ နှင့် ၃၈ ဒေါ်လာကြား ရှိမည် ဆိုသည်။
ဒေါ်လာ သန်း ၁၀၀ ဘီလျှံ ခန့်  တန်ကြေး ရှိသည့် Facebook ၏ အနာဂတ် ၊ ရင်းနှီးမြုပ်
နှင့် မှု နှင့် ပတ်သက် ပြီး အမေရိကန် ထက်ဝက် ခန့်  မယုံ ကြည် ကြ ဟု စစ်တမ်းတွင် ဖော်
ပြထားသည်။
“လူမှု ကွန်ယက်မီဒီယာတွေ မှာ ရင်းနှီး မြုပ် နှံ တာ အကောင်းဆုံး မဟုတ် ဘူး တစ်ချိန် ဒါတွေ က
ကြက် ပျောက် ငှက် ပျောက် ဖြစ် သွား မှာ ” ဟု စစ်တမ်း ဖြေဆိုခဲ့ သည့် ဟူစတန် တက္ကသိုလ်
ကျောင်းသူ တစ်ဦး က CNN သို့  ပြောသည်။
Facebook သည် အပေါစား ကျော်ကြား မှု နှင့် ပေါ်ပင် ကို အား ပေး ပြီး အနာဂတ်တွင် အသုံး
ပြုသူ နည်းလာမည် ဟု AP သတင်းဌာနက လုပ်သည့် စစ်တမ်း ကို ဖြေဆိုသူ များ က ပြောကြ
သည်။