Pages
▼
Hi- Mo ဆံပင်တု စက်ရုံ အလုပ်သမားများ အရေးကို ပြေလည်အောင် ဖြေရှင်းပေး သွားမည် ဖြစ်ကြောင်းအလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကပြော
လုပ်ခလစာ နည်းပါးမှု၊ အလုပ်သမား
အခွင့်အရေး ချိုးဖောက်ခံရမှု များကြောင့် ယနေ့ ဆန္ဒပြကြသော လှိုင်သာယာ
မြို့နယ်ရှိ Hi- Mo ဆံပင်တု စက်ရုံ အလုပ်သမားများ အရေးကို ပြေလည်အောင်
ဖြေရှင်းပေး သွားမည် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံနှင့်
အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က
ပြောကြားသည်။
အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်၊
အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူများ သုံးပွင့်ဆိုင်ကာ မေလ ၁၀ ရက်နေ့တွင်
လှိုင်သာယာ မြို့နယ်တွင် စက်မှုဇုန် ရှေ့တန်း ကြီးကြပ်ရေးရုံးတွင်
ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။