Pages

Tuesday, May 29, 2012

HOME ABOUT US SERVICES NEWS HOROSCOPE MOVIE INTERVIEW OPINION KNOWLEDGE GALLERY COMMENTS CONTACTS DETAIL NEWS ဇွန်လမှ စ၍ မီဒီယာ နည်းပညာနှင့် ရုပ်ရှင်သင်တန်းများအား အခမဲ့ပို့ချပေးမည့် Home ကုမ္ပဏီ

ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 29 May, 2012


 












အဆိုပါ အဖွဲ့အစည်းတွင်  ဦးသူရ(ခေါ်)ဇာဂနာ၊ ဘလော့ဂ်ကိုနေဘုန်းလတ်နှင့်  ကိုဇော်သက်ထွေးတို့က အဓိကပါဝင်ဆောင်ရွက် လျက်ရှိပြီး မျိုးချစ်စိတ်ရှိပြီး တိုင်းပြည်တိုးတက်စေလို သည့် စီးပွားရေးများက ကူညီထောက်ပံ့ခြင်းဖြစ်သည်။
 
“အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ တိုင်းပြည်တိုးတက်စေချင်တဲ့ စီးပွားရေးသမားတွေက ကူညီတာပါ ရန်ကုန်က စီးပွားရေးသမားတွေပါပဲ၊   နိုင်ငံခြားမှ မည်သည့် အဖွဲ့အစည်း ကမှ ကူညီတာမရှိပါဘူး၊ သင်တန်းခန်းမကိုလဲ တိုင်းပြည်အကျိုးတွက် လုပ်ချင်တဲ့သူတွေက ကူညီပေးတာပါ၊ အလှူရှင်ရှိတဲ့အတိုင်းတာထိ ဒါတွေကို လုပ်သွားမှာပါ”ဟု ဗိုလ်ချုပ် အောင်ဆန်း ဇာတ်ကားဖြစ်မြောက်ရေး ဇာတ်ညွှန်းအဖွဲ့မှ ကိုဇော်သက်ထွေးကပြောသည်။
 
မြန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိုင်စီတီနည်းပညာများတိုတတ်မြောက်ပြီး တိုင်းပြည်အကျိုးအတွက် မိမိ ကိုယ်ကျိုးအတွက် မိမိပတ်ဝန်းကျင်တိုးတက်ရေးအတွက် အသုံးချနိုင်ရန် အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း ဘလော့ဂ်ဂါကိုနေဘုန်းလတ်ကရှင်းပြသည်။

 
“ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကလဲ နိုင်ငံသားတယောက်ချင်းစီကို ကိုယ့်ဒေသတွင်းမှ ဖြစ်ပျက်တာတွေ ကိုယ်ခံစားနေရတဲ့ ဖိနှိပ်ခံရမှုတွေကို အွန်လိုင်းမီဒီယာတွေကို အသုံးပြုပြီးတော့ တစ်ကမ္ဘာလုံးကနေသိအောင် ဖတ်နိုင်တဲ့အနေထား တစ်ခုရောက်စေချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်”ဟု ၄င်းကဆက်ပြောသည်။
 
မိမိတို့တိုင်းပြည်ရှေ့ဆက်သွားမယ့်လမ်းကြောင်းအတွက်  တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဒီမိုကရေစီစနစ်ကြီး အဓွန့်ရှည်တည်တံ့တန့်ရန် လိုအပ်သော နိုင်ငံသားစွမ်းရည်မြှင့်တင်ရန် မိမိတို့အနေဖြင့် ကြိုးစားသွားရမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
အခမဲ့သင်တန်းများတွင် သတင်းစာသင်တန်း၊ short film သင်တန်း၊ မှတ်တမ်းရုပ်ရှင်သင်တန်း၊ အိုင်စီတီ နည်းပညာ သင်တန်းနှင့် ခေါင်းဆောင်မှုပညာသင်တန်းများကိုလည်း သင်ကြားပို့ချပေးမည်ဖြစ်သည်။
 
“နိုင်ငံခြားကနေပြီးတော့ အခက်ခံအချက်အလက်တွေကို သင်ကြားပေးမယ့် နာမည်ကျော်ဂျာနယ်လစ်တွေ ကို ဖိတ်ကြားထားတယ်မီဒီယာအားလုံး တက်ရောက်နိုင်အောင် သတင်းပေးမှာပါ”ဟှု ကိုဇော်သက်ထွေးက ပြောသည်။
 
သင်တန်းတစ်ခုစီလျင် လူဦးရေ(၃၀)စီလက်ခံသွားမည်ဖြစ်ပြီး၊ ဇွန်လတွင်စာတင်သင်ကြားပေးမည် ဖြစ်ကြောင်း မိမိတက်လိုသောသင်တန်းများအား စာရင်ပေးသွင်း၍ အခမဲ့တတ်ရောက်နိုင်မည်ဖြစ်သည်။
 
သတင်းစာပညာသင်တန်းတွင် အခြေခံသင်တန်းမှစ၍ အယ်ဒီတာချုပ်အထိ အခမဲ့သင်ကြားပေးမည် ဖြစ်ကြောင်း  ကိုဇော်သက်ထွေးက ဆိုသည်။
 
သင်တန်းခန်းမအား ဗိုလ်အောင်ကျော်လမ်း အမှတ် (၅၈/၆၀)တွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး၊ သင်တန်းခန်းမတွင် ပန်းချီပြပွဲ ဓာတ်ပုံပြပွဲများကိုလည်း အခမဲ့ပြသနိုင်မည်ဖြစ်သည်။