Pages

Thursday, May 10, 2012

ပြည်ခိုင်ဖြိုးပါတီ၏ တရားစွဲဆိုမှုအပေါ်NLD လွှတ်တော်ကိုယ်စားလှယ်များက တန်ပြန် တရားရင်ဆိုင်သွားမည်




Wednesday, 09 May 2012 13:11
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲကာလတွင် မဲမသမာမှု များပြုလုပ်သည်ဟု စွပ်စွဲတိုင်တန်းချက် အပါအ၀င် အခြားကန့်ကွက် ချက်များပါဝင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကန့်ကွက်လွှာအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်လေးဦးစလုံးမှ တန်ပြန်စွပ်စွဲ တရားရင်ဆိုင်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကန့်ကွက်ထားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များမှာ လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ စစ်ကိုင်းမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့် ကျွန်းစုမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီတို့ ဖြစ်ကြောင်း သိရသည်။
မဲမသမာမှုပြုလုပ်သည်ဟု စွပ်စွဲတရားစွဲခံရသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း တန်ပြန် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း လည်း ဦးဥာဏ်ဝင်းက ဆိုပါသည်။
“ဥပဒေမှာ သူတို့ကနေပြီးတော့ တရားစွဲလိုက်တယ်။ ဥပဒေမှာက ဥပမာ အေက ဘီကို တရားစွဲတယ်။ ဒါကို ဘီက ခုခံခွင့်ရှိတယ်။ ဒါမှမဟုတ် အေကလည်း မဟုတ်တာတွေ လုပ်ထားတယ်လို့ ပြောချင်ရင် Counter Claim လုပ်ရတယ်။ အဲဒီအတွက်ကိုလည်း ပိုက်ဆံ ၁၀ သိန်း ထပ်ပေးရမှာပါ။ ကျွန်တော်တို့ဘက်ကနေ ပြန်ပြီးတော့ f Counter Claim လုပ်မှာ။ အားလုံးကိုလုပ်မှာပါ”ဟု ပြောပါသည်။