မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံရေး၊ စီးပွားရေးအစရှိသည့်
ကဏ္ဍများ၌ ပြုပြင်ပြောင်းလဲ နေသည့်အချိန် ဖြစ်သောကြောင့် ယင်းကဲ့သို့
ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အမြန်ဆုံးထိရောက် နိုင်ရန်အတွက်
ပြည်သူလူထုအကျိုးရှိမည့် လျှပ်စစ်ကဏ္ဍ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍနှင့်
အလုပ်အကိုင်ရရှိရေး ကဏ္ဍတို့အား ဦးစားပေးလုပ်ဆောင်ခြင်းဖြင့်
အချိန်တိုတိုအတွင်း ထိရောက်မှုရှိနိုင်မည် ဖြစ်ကြောင်း မေလ ၂၅ရက်နေ့တွင်
ရန်ကုန်မြို့ရှိ မြန်မာအင်ဖိုတက်၌ ကျင်းပပြုလုပ်သော
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့
ရောက်ရှိနေသော အောက်စဖို့ တက္ကသိုလ်မှ စီးပွားရေးပညာရှင် Paul Collier က
ပြောကြားခဲ့သည်။
“အဓိကအားဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့အခါမှာ
ရလဒ်ကောင်းမြန်မြန်ရရှိဖို့ ပြည်သူ ကို အကျိုးရှိမယ့် လုပ်ငန်းတွေကို
ခပ်မြန်မြန်လုပ်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် မိုဘိုင်းဖုန်းဆက်သွယ်
ရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအားကို စီမံခန့် ခွဲပြီး ဖြန့်ဝေပေးနိုင်မှုအနေအထား နဲ့
အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် အနေအထားတွေ က
ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန် နဲ့ တွန်းအားပေးစေပါတယ်။ ဥပမာ- အာဖရိက
ကင်ညာနိုင်ငံဆိုရင် မိုဘိုင်းဖုန်းနဲ့ ငွေပေးငွေယူ လုပ်ငန်းတွေ၊
ဘဏ်နဲ့ချိတ်ဆက် ဆောင်ရွက်တဲ့လုပ်ငန်းတွေ မိုဘိုင်းဖုန်းကနေတစ်ဆင့်
လုပ်သွားတာမျိုးတွေက ၅၀ ရာ ခိုင်နှုန်းလောက်အထိ ရှိတယ်။ အဲဒီ
လိုလုပ်နိုင်အောင်လည်း သုံးနှစ်အတွင်းမှာ အကောင်အထည် ဖော်နိုင်ခဲ့တယ်။
ဒီလိုလုပ်နိုင်တဲ့အတွက် လူ မှုဖူလုံရေးလုပ်ငန်းတွေမှာ ကင်ညာ နိုင်ငံက
တော်တော်လေး တိုးတက် သွားတာတွေ့ရတယ်။ နောက်တစ်ခု က လျှပ်စစ်ကဏ္ဍပါ။
အာဖရိကနိုင်ငံ တွေထဲက တစ်နိုင်ငံပဲ လျှပ်စစ်ဖြန့်ဝေမှုကို သူတို့ဆီမှာရှိတဲ့
GE ကုမ္ပဏီ တစ်ခုကနေ ဖြန့်ဝေပေးတယ်။ တစ်ယူနစ်ရဲ့ကျသင့်ငွေကို လေးဆင့်နဲ့
မူလ Gas တန်ဖိုးကိုပေါင်းပြီးတော့ ဖြန့်ဝေပေးပါတယ်။ ဒီလိုအစီအစဉ်
မျိုးတွေကို အခြားဆင်းရဲတဲ့နိုင်ငံတွေ ထဲမှာလည်း လုပ်လို့ရပါတယ်”ဟု
စီးပွားရေးပညာရှင် Paul Collier က ပြောကြားခဲ့သည်။
အာဖရိကနိုင်ငံ တွေထဲက တစ်နိုင်ငံပဲ လျှပ်စစ်ဖြန့်ဝေမှုကို သူတို့ဆီမှာရှိတဲ့
GE ကုမ္ပဏီ တစ်ခုကနေ ဖြန့်ဝေပေးတယ်။ တစ်ယူနစ်ရဲ့ကျသင့်ငွေကို လေးဆင့်နဲ့
မူလ Gas တန်ဖိုးကိုပေါင်းပြီးတော့ ဖြန့်ဝေပေးပါတယ်။ ဒီလိုအစီအစဉ်
မျိုးတွေကို အခြားဆင်းရဲတဲ့နိုင်ငံတွေ ထဲမှာလည်း လုပ်လို့ရပါတယ်
|
အလားတူ အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍လည်း ၎င်းကရှင်းလင်းပြောကြားခဲ့ပြီး
အဓိကအားဖြင့် ကျေးလက်ဒေသရှိ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး နှင့် လျှပ်စစ်မီးရရှိရေးတို့အား
ဦးစားပေး၍ ထောက်ပြပြောဆိုသွားခဲ့ကြောင်း သိရှိရသည်။
“Paul Collier ပြောတဲ့အထဲမှာ အလုပ်အကိုင်ရရှိရေးနဲ့ ပတ်သက်ပြီး
ကျေးလက်ဒေသတွေမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေကို
ဖြည့်ဆည်းခြင်းအားဖြင့် အလုပ်အကိုင်ကို ချက်ချင်းဖော်ဆောင်လို့
ရတယ်ဆိုတဲ့အကြောင်း၊ ဒီလိုဆို ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်ကို ချက်ချင်း
သိနိုင်တယ်။ အောင်မြင်မှုရှိတယ် ဆိုတာကိုလည်း ပြသလို့ရတယ်ဆိုတဲ့ အကြောင်းနဲ့
ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အချိန်မှာ သဘောထားကွဲလွဲမှုတွေ အဖြူအမဲ
ကွဲလွဲမှုတွေဖြစ်နေရင် ပဋိပက္ခ အသွင်ဆောင်တာတွေကို ရှောင်ကြဖို့နဲ့
လူတိုင်းသူ့နေရာသူ ပါဝင်နိုင်ကြဖို့ဆိုတဲ့ အကြောင်းတွေကို ပြောသွားပါတယ်”ဟု
CESD (The Center For Social and Economic) အဖွဲ့၏အကြီးတန်း
သုတေသီတစ်ဦးဖြစ်သူ ဦးတင်မောင်သန်းမှ ပြောကြားခဲ့သည်။
အလားတူ Duke University မှ စီးပွားရေးပညာရှင် Robert Conrad ကလည်း
အခွန်စနစ်ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ရှင်းလင်း
ပြောကြားခဲ့ပြီး သဘာဝအရင်းအမြစ်မှ ရသည့်ဝင်ငွေများအား စနစ်တ
ကျစီမံခန့်ခွဲရန် လိုအပ်ပြီး ရရှိလာသည့် အခွန်များအပေါ်တွင်လည်း
မည်သည့်ကဏ္ဍများတွင် ပြန်လည် အသုံးချသည် ဆိုသည်ကို သိရှိရန် လိုအပ်ကြောင်း၊
အခွန်စနစ်နှင့် စာရင်းအင်းများကို လည်းစနစ်တကျ ပြုစုပြီး check and balance
system ရှိရန်လည်း လိုအပ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။ |