Pages

Sunday, May 20, 2012

မန္တလေးက ၂၄ နာရီ လျှပ်စစ်မီးလင်းရေး ဆန္ဒပြမှု



ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်က စတင်၍ လူအင်အား ၁၀၀ ကျော်ရှိသော မန္တလေး ပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံး အား ပတ်၍ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်း လမ်းလျှောက်ပွဲ ကျင်းပနေစဉ်။
ဓာတ်ပုံ-သတင်း CJ Myanmar CJ 031

မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင် မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရသည်။


အခု နောက်ထပ်ရရှိတဲ့ သတင်းများအရ ပူးပေါင်းလာသူများ စုစုပေါင်း ၅၀၀ ကျော်လာပြီဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။

နောက်ဆုံး ရရှိသည့် CJ Myanmar သတင်းပို့ချက်အရ

လျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မန္တလေးပြည်သူလူထုကြီးက အခုဆိုရင် ၃၅ လမ်း ၇၃ လမ်း တွင်ရောက်ရှိနေပြီး တရုတ်ကောင်စစ်ဝန်ရုံးသို့ ဆက်လက် ချီတက်မည်ဖြစ်ကြောင်း CJ Myanmar သတင်းထောက် မှ သတင်းပေးပို့လာပါတယ်။

- ငြိမ်းချမ်းစွာဆန္ဒပြမှုအပေါ် မန္တလေး လျှပ်စစ်တိုင်းရုံးတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဝန်
ကြီးနှင့် Sky Net ရုပ်သံ အပါအ၀င် သတင်းမီဒီယာများ တွေ့ဆုံ ရှင်းလင်းနေကြောင်းသိရပါတယ်ဟု ဆိုပါတယ်။
( CJMyanmar )
(မေလ ၂၀၊ ည ၁၀နာရီ ၁၅ မိနစ်)