Pages

Monday, May 28, 2012

မှော်ဘီ မြောင်းတကာစက်မှုဇုံ YANGON CROWN သံရည်ကျိုစက်ရုံ ဆန္ဒပြတောင်းဆိုမှု

Soe Moe Root
"သူ့ အသက်က တစ်နှစ်ခွဲပါ ရှင့်၊ ကျမတို့က ဟင်္သတကပါ။ သူ့အဖေကဒီတောင်းဆိုနေတဲ့အထဲမှာပါပါတယ်။ ၊ သူ့အဖေက နှစ်ဆယ်ဝန်းကျင်ပါ၊ ဟုတ်ကဲ့ နယ်ကလူတွေလည်းပါပါတယ်၊ မကွေး ဘက်ကလာလုပ်တာပါ။ ယောဘက်ကလည်းပါတယ်၊ နာဂစ်ဒေသကလူတွေလည်း ဒီစက်ရုံမှာလုပ်ပါတယ်၊ နေတော့ဒီစက်ရုံနားမှာ တဲထိုးပြီးနေပါတယ်။" (ဆန္ဒပြအလုပ်သမားတစ်ယောက်ရဲ့ ဇနီးဖြစ်ပါတယ် ) အခြေခံလစာ တစ်လမှာ လေးထောင့်ရှစ်ရာသာရတဲ့အလုပ်သမားတွေ (၄၈၀၀ ကျပ် တစ်နေ့ ၈နာရီ တစ်နာရီ ၂၀ ကျပ်ပါ) အယောက် ၅၀ ငါးဆယ်လောက်ရှိပါတယ် အခုဆန္ဒပြနေတာ ကအလုပ်သမား ၅၀၀ ကျော်ပါ စက်ရုံမှာက အလုပ်သမားစုစုပေါင်း ၈၀၀ လောက်ရှိပါတယ်။ တချို့ အနည်းဆုက သိန်းကျော်ရပါတယ်။ အဒီလူတွေလည်း ပူးပေါင်းပါဝင် တောင်းဆိုနေပါတယ်။ အခုဆိုရင် အစာငတ်ခံဆန္ဒပြနေတာက သုံးရက်မြောက်နေ့ပါ။ အယောက်၂၅ လောက်ရှိပါတယ်(စတုံးက ၂၀၊ ၂၅ လောက်ပါ ခု ၄၀ လောက်ရှိသွားပါပြီ - 28.5.12)။ ဒီမနက်ပဲအစာအိမ် ရောဂါဝေဒနာရှင်တစ်ယောက်ဆေးရုံတင်ရပါတယ်။ နောက်ဝမ်းကိုက်လို့ဆိုပြီး တစ်ယောက် ဆေးခန်းကိုသွားနေရပါတယ်။
.... မှော်ဘီ မြောင်းတကာစက်မှုဇုံ YANGON CROWN သံရည်ကျိုစက်ရုံ ဆန္ဒပြတောင်းဆိုမှု ရှစ်ရက်မြောက်နေ့ အခြေအနေ (၂၇၊၅၊၂၀၁၂ တနင်းဂနွေ နေ့လည် ၁ နာရီ) (မှတ်ချက်...ကိုယ်တိုင်သတင်းသွားရောက် ယူတာဖြစ်ပါတယ် အချက်လက်မှန်ကြောင်း အာမခံပါတယ် ကျနော် SMR ပါ)