Pages

Monday, June 18, 2012

တောင်တရုတ်ပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း 06W(TALIM) ဖြစ်ပေါ်လျှက်ရှိ

By mmweather.ygn, on June 18th, 2012 တောင်တရုတ်ပင်လယ်မြောက်ပိုင်းတွင် ဇွန်လ ၁၆ ရက်၊ မြန်မာစံတော်ချိန် နံနက် ၀၆း၃၀ နာရီတွင် စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် 92W မှာ ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း 06W အဆင့်သို့ ဇွန်လ ၁၈ ရက် မြန်မာစံတော်ချိန် နံနက် ၀၆း၃၀ နာရီတွင် စတင်ရောက်ရှိဖြစ်ပေါ်လာခဲ့ပါသည်။
လေဖိအားနည်းရပ်ဝန်း 06W အား အပြည်ပြည်ဆိုင်ရာအမည် TALIM ဟု အမည်ပေးထားပြီဖြစ်ပြီး၊ ယနေ့နံနက်ပိုင်းတွင် ရရှိသည့် NRL Data များအရ လေဖိအားနည်းရပ်ဝန်း TALIM သည် မကာအိုမြို့ အနောက်တောင်ဘက် မိုင် ၂၅၀ ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုလျှက် ရှိပါသည်။
လေဖိအားနည်းရပ်ဝန်း TALIM သည် အပူပိုင်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိပြီးနောက် လာမည့် ၄၈ နာရီအတွင်း၊ ထိုင်ဝမ်ကျွန်းမြောက်ပိုင်းအား Yunlin နှင့် Changhua နယ်စပ်အနီးမှ ဖြတ်ကျော်ဝင်ရောက်ကာ တိုင်ပေမြို့အနီးမှ ဖြတ်လျှက် အရှေ့တရုတ်ပင်လယ် သို့ ပြန်လည် ဆင်းသက်ပြီး ၄င်းမှမှတစ်ဆင့် ဂျပန်နိုင်ငံတောင်ပိုင်းအား ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း NRL data များအရ ခန့်မှန်းထားပါသည်။
သရုပ်ပြပုံများကိုအောက်ဖက်တွင်ကြည့်ပါ



 
အပူပိုင်းမုန်တိုင်း ဖြစ်လာတော့မည့် 06W(TALIM) ရွေ့လျားတိုက်ခတ်မည့် လမ်းကြောင်းနှင့် တိမ်တိုက်ဖြစ်ပေါ်မှု အခြေအနေပြပုံ(အပေါ်) WUND မှ လေဖိအားနည်းရပ်ဝန်း TALIM ၏ အင်အားနှင့် ရွေ့လျားမည့် အခြေအနေပြပုံ (အောက်)နှင့်
လာမည့် ၄၈ နာရီအတွင်း ထိုင်ဝမ်ကျွန်းအား ဝင်ရောက်တိုက်ခတ်လျှင် လေပြင်းတိုက်ခတ်ခံရမှု ဖြစ်နိုင်ခြေပြပုံ (အောက်ဆုံးပုံ)