Pages

Thursday, June 28, 2012

မြန်မာ-တောင်ကိုရီးယားပွဲစဉ် ဂိုးမရှိသရေဖြင့်ပြီးဆုံးသွား

Jun 28, 2012 9:50pm မြန်မာ-တောင်ကိုရီးယားပွဲစဉ် ဂိုးမရှိသရေဖြင့်ပြီးဆုံးသွား
မြန်မာ-တောင်ကိုရီးယားပွဲစဉ် သရေရလဒ်ဖြင့် ပြီးဆုံးသွားပြီးနောက် တွေ့ရသည့် မြန်မာအသင်းကစားသမားအချို့
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
Photo: မြန်မာ-တောင်ကိုရီးယားပွဲစဉ် သရေရလဒ်ဖြင့် ပြီးဆုံးသွားပြီးနောက် တွေ့ရသည့် မြန်မာအသင်းကစားသမားအချို့
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 
 

မြန်မာ-တောင်ကိုရီးယားပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်းနည်းပြ တောင်ကိုရီးယားလူမျိုး
ပတ်ဆောင်ဟွာ၏ ပြောကြားချက်အချို့-
“အခုချိန်ထိ နောက်တစ်ဆင့်တက်ဖို့၅၀ရာခိုင်နှုန်း သေချာပြီလို့ပြောလို့မရသေးပါဘူး။ အုပ်စုနောက်ဆုံးပွဲစဉ်
မလေးရှားကို ရှုံးရင် ထွက်ရမှာဖြစ်တဲ့အတွက် နောက်ဆုံးပွဲစဉ်အထိ အမှားခံလို့မရပါဘူး။ ဒီနေ့ပွဲစဉ်မှာ အားလုံး
ကြိုးစားကြတယ်။ ပရိသတ်တွေက အားပေးကြတယ်။ တောင်ကိုရီးယားအသင်းဟာ တောင့်တင်းတဲ့အသင်းဖြစ်ပြီး မြန်မာအသင်းအနေနဲ့ သရေရလဒ်ရရှိအောင် ကြိုးစားကစားနိုင်ခဲ့ပါတယ်။
မြန်မာကစားသမားတွေအနေနဲ့လည်း တစ်ပွဲထက်တစ်ပွဲ ယုံကြည်မှုတွေ
တိုးတက်လာခဲ့ပါတယ်”ဟုပြောကြားသည်။
ယနေ့ပွဲစဉ်တွင် မြန်မာယူ-၂၂အသင်းနည်းပြသည် တောင်ကိုရီးယားလူမျိုးဖြစ်ပြီး ၄င်း၏မိခင်နိုင်ငံအသင်းနှင့်
ရင်ဆိုင်ယှဉ်ပြိုင်ကစားခဲ့ရသည့် ပွဲအပေါ် ခံစားချက်အား 7Day News မှ မေးမြန်းရာ
“ကျွန်တော်က ကိုရီးယားလူမျိုးတစ်ယောက်ဖြစ်ပေမယ့်
မြန်မာပြည်သူတွေအတွက်လာအလုပ်လုပ်တဲ့သူဖြစ်ပါတယ်။ ဒီနေ့ရလဒ်ကိုလည်း ကျေနပ်ပါတယ်”ဟု
ပြန်လည်ဖြေကြားခဲ့သည်။
Photo: မြန်မာ-တောင်ကိုရီးယားပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်းနည်းပြ တောင်ကိုရီးယားလူမျိုး 
ပတ်ဆောင်ဟွာ၏ ပြောကြားချက်အချို့-
“အခုချိန်ထိ နောက်တစ်ဆင့်တက်ဖို့၅၀ရာခိုင်နှုန်း သေချာပြီလို့ပြောလို့မရသေးပါဘူး။ အုပ်စုနောက်ဆုံးပွဲစဉ် 
မလေးရှားကို ရှုံးရင် ထွက်ရမှာဖြစ်တဲ့အတွက် နောက်ဆုံးပွဲစဉ်အထိ အမှားခံလို့မရပါဘူး။ ဒီနေ့ပွဲစဉ်မှာ အားလုံး 
ကြိုးစားကြတယ်။ ပရိသတ်တွေက အားပေးကြတယ်။ တောင်ကိုရီးယားအသင်းဟာ တောင့်တင်းတဲ့အသင်းဖြစ်ပြီး မြန်မာအသင်းအနေနဲ့ သရေရလဒ်ရရှိအောင် ကြိုးစားကစားနိုင်ခဲ့ပါတယ်။ 
မြန်မာကစားသမားတွေအနေနဲ့လည်း တစ်ပွဲထက်တစ်ပွဲ ယုံကြည်မှုတွေ 
တိုးတက်လာခဲ့ပါတယ်”ဟုပြောကြားသည်။
ယနေ့ပွဲစဉ်တွင် မြန်မာယူ-၂၂အသင်းနည်းပြသည် တောင်ကိုရီးယားလူမျိုးဖြစ်ပြီး ၄င်း၏မိခင်နိုင်ငံအသင်းနှင့် 
ရင်ဆိုင်ယှဉ်ပြိုင်ကစားခဲ့ရသည့် ပွဲအပေါ် ခံစားချက်အား 7Day News မှ မေးမြန်းရာ
“ကျွန်တော်က ကိုရီးယားလူမျိုးတစ်ယောက်ဖြစ်ပေမယ့် 
မြန်မာပြည်သူတွေအတွက်လာအလုပ်လုပ်တဲ့သူဖြစ်ပါတယ်။ ဒီနေ့ရလဒ်ကိုလည်း ကျေနပ်ပါတယ်”ဟု 
ပြန်လည်ဖြေကြားခဲ့သည်။

“ပွဲစဉ်တွေအားလုံးမှာ အကောင်းဆုံးကြိုးစားမယ်လို့ဆုံးဖြတ်ပြီးထားခဲ့တယ်။ ဒါပေမယ့် ဒီနေ့ပွဲရလဒ်ကို
သိပ်မကျေနပ်ပါဘူး။ ဒီနေ့ပွဲမှာ သိလိုက်ရတာက မြန်မာအသင်းဟာ အရှေ့တောင်အာရှမှာ
တော်တော်တိုးတက်လာတဲ့အနေအထားမှာရှိတယ်။ ဒီနေ့ပွဲစဉ်မှာ မြန်မာအသင်းအနေနဲ
နောက်တန်းငါးယောက်ထိထားပြီး တစ်ချိန်လုံးခံစစ်အားပြုကစားခဲ့ပါတယ်”ဟု မြန်မာ-တောင်ကိုရီးယားပွဲစဉ်အပြီး တောင်ကိုရီးယားအသင်းနည်းပြ ကင်တေးယောင်၏ပြောကြားသည်။
အုပ်စု(ဆ)တွင် ဒုတိယနေရာအတွက် ရေပန်းအစားဆုံးနှစ်သင်းဖြစ်သည့် မြန်မာနှင့်မလေးရှားနှစ်သင်းစလုံးသည် ကစားပုံဆင်တူပြီး ပုံမှန်ခြေစွမ်းရှိကြောင်း Speed အားလည်း တူညီကြကြောင်း လက်ရှိအခြေအနေတွင် နောက်တစ်ဆင့်တက်ရေးအတွက် သေချာပေါက်မပြောနိုင်သေးကြောင်း ကင်တေးယောင်ကပြောကြားခဲ့သည်။
“အရင်တုန်းက မြန်မာပရိသတ်တွေအနေနဲ့ ဘောလုံးကို ဒီလောက်ချစ်တာမသိဘူး။ အရမ်းအံ့သြရပါတယ်။ ပရိသတ်တွေက ကစားသမားတွေကို နဂိုရှိအားထက် ပိုကစားနိုင်အောင် တွန်းအားတစ်ရပ်ဖြစ်ခဲ့ပြီး ဒီလိုအားရှိနေလို့မြန်မာအသင်းက ကျွန်တော်တို့အသင်းကို သရေရလဒ်ရအောင် ကစားနိုင်ခဲ့တာပါ”ဟု ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယားအသင်းနည်းပြဆရာကပြောသည်။
Photo: “ပွဲစဉ်တွေအားလုံးမှာ အကောင်းဆုံးကြိုးစားမယ်လို့ဆုံးဖြတ်ပြီးထားခဲ့တယ်။ ဒါပေမယ့် ဒီနေ့ပွဲရလဒ်ကို 
သိပ်မကျေနပ်ပါဘူး။ ဒီနေ့ပွဲမှာ သိလိုက်ရတာက မြန်မာအသင်းဟာ အရှေ့တောင်အာရှမှာ 
တော်တော်တိုးတက်လာတဲ့အနေအထားမှာရှိတယ်။ ဒီနေ့ပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ 
နောက်တန်းငါးယောက်ထိထားပြီး တစ်ချိန်လုံးခံစစ်အားပြုကစားခဲ့ပါတယ်”ဟု မြန်မာ-တောင်ကိုရီးယားပွဲစဉ်အပြီး တောင်ကိုရီးယားအသင်းနည်းပြ ကင်တေးယောင်၏ပြောကြားသည်။
အုပ်စု(ဆ)တွင် ဒုတိယနေရာအတွက် ရေပန်းအစားဆုံးနှစ်သင်းဖြစ်သည့် မြန်မာနှင့်မလေးရှားနှစ်သင်းစလုံးသည် ကစားပုံဆင်တူပြီး ပုံမှန်ခြေစွမ်းရှိကြောင်း Speed အားလည်း တူညီကြကြောင်း လက်ရှိအခြေအနေတွင် နောက်တစ်ဆင့်တက်ရေးအတွက် သေချာပေါက်မပြောနိုင်သေးကြောင်း ကင်တေးယောင်ကပြောကြားခဲ့သည်။
“အရင်တုန်းက မြန်မာပရိသတ်တွေအနေနဲ့ ဘောလုံးကို ဒီလောက်ချစ်တာမသိဘူး။ အရမ်းအံ့သြရပါတယ်။ ပရိသတ်တွေက ကစားသမားတွေကို နဂိုရှိအားထက် ပိုကစားနိုင်အောင် တွန်းအားတစ်ရပ်ဖြစ်ခဲ့ပြီး ဒီလိုအားရှိနေလို့မြန်မာအသင်းက ကျွန်တော်တို့အသင်းကို သရေရလဒ်ရအောင် ကစားနိုင်ခဲ့တာပါ”ဟု ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယားအသင်းနည်းပြဆရာကပြောသည်။ 
မြန်မာ-တောင်ကိုရီးယားပွဲစဉ်သို့ လာရောက်အားပေးကြသော မြန်မာပရိသတ်များ။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)