Pages

Saturday, June 16, 2012

ရန်ကုန် မှာ အဓိကရုဏ်း အတွက် မီးမွှေးမှု တွေ လုပ်

by FNG on June 16, 2012 538564_2964607134380_1240701199_n
ယနေ့  နံနက် အစောပိုင်းက  ရန်ကုန် တိုင်းဗဟန်း မြို့ နယ်  ကုက္ကိုင်းလမ်းဆုံ နှင့် တက္ကသိုလ်ရိပ်သာ
လမ်းမီးပွိုင့် ကြား ကမ္ဘာအေး ဘုရားလမ်းပေါ် ရှိ အစ္စလာမ် ဘာသာဝင် ပလီ အရှေ့တွင် မော်တော်
ကားတစ်စီး ဖြင့် တိုက်ခိုက်ရေးတွင် အထူးလေ့ကျင့်ထား သည်ဟုယူဆရသော
အရွယ်တူသန်မာ ဖြတ်လတ်သော သူ လူ ၅၀ ခန့်အား ချပြီး အချိန်ကိုက်ပြန်လာခေါ်သွားကြောင်း
သိရှိရပါသည်။ အဆိုပါ အကြမ်းဖက်သမားများသည် ပလီ၏ ဆိုင်းဘုတ်နှင့် မျက်နှာစာ
အုတ်နံရံအချို့အားဖျက်စီးခဲ့ကြောင်းပလီပတ်ဝန်းကျင်ရှိ ရှေးဟောင်းပစ္စည်းရောင်းသော
ဆိုင်တစ်ဆိုင် အပါအ၀င် ဆိုင် ၃ ဆိုင်အားဝင်ရောက်ဖျက်စီးခဲ့ကြောင်း FNG မှ သတင်းရရှိသည်။
”အဲဒီလာဖျက်စီးတဲ့သူတွေက သာမာန် အရပ်သားတွေနဲ့ မတူဘူး အတော်လေးကို စနစ်တကျ
လေ့ကျင့်ထားတဲ့သူတွေနဲ့တူတယ် အမိန့်တစ်ခုအောက်မှာ ၀ုန်းကနဲ့ရောက်လာပြီး ဖျက်ကြ
တယ်ပြီးတော့ ချက်ခြင်း အချိန်ကိုက်လာခေါ်တဲ့ကားပေါ်ကိုတက်ပြေးသွားကြတယ်ဟု
အရပ်အမောင်းတွေက ကောင်းတယ် တညီတည်းပဲ တော်တော်စနစ်တကျ လာဖျက်သွားတာ”
ဟု ပလီပတ်ဝန်းကျင်တွင်နေထိုင်သူ မှ ပြောသည်။

အခင်းဖြစ်ပွားချိန်အပြီး မြို့နယ်ရဲမူးက ဒေသခံပြည်သူ အနည်းငယ်ကို အမူမဖွင့်ပါနဲ့ မီဒီယာ
ကို မခေါ်ပါနဲ့ဟုပြောသွားကြောင်းသိရှိရပါသည်။
အဆိုပါ အခင်းဖြစ်ပွား ရွှေဝါရောင်တော်လှန်ရေး အတွင်းပါဝင်ခဲ့သော ဆရာတော်တချို့က
ရန်ကုန်မြို့အား ပုဒ်မ ၁၄၄ ထုတ်စေချင်သဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ဟန်တူသည်ဟု
ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မြို့တော်ခမ်းမ တွင် ရန်ကုန်တိုင်း ၀န်ကြီးနှင့် လုံထိမ်းအဖွဲ့ အပါ အ၀င် အစ္စလာမ်ဘာသာရေး
အဖွဲ့ ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများ မှ ၂၄ နာရီ အခြေအနေအား စောင့်ကြည့်လျက်ရှိသော်လည်း
အဆိုပါ ဖျက်စီးခံရမူနှင့်ပတ်သက်ပြီး ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ
မတွေ့ရသေးကြောင်း သိရှိရပါသည်။
ယခု သီတင်း ပတ် အတွင်း ရခိုင် ပြည်နယ်  တွင် ဖြစ်ပွား ခဲ့သည့် မငြိမ်သက် မှု များ တွင် အနည်း
ဆုံး လူ ၂၉ ဦး သေဆုံး ပြီး ၊ အိမ်ခြေ ၃၀၀၀ ကျော် မီးရှို့ ဖျက်ဆီးခံရ ကာ ၊ လူပေါင်း ၃၀၀၀၀ ကျော်
အိုးမဲ့ အိမ်မဲ့ ဖြစ်ပွား ခဲ့ ရသည်။
ယမန်နေ့  က ရန်ကုန် မြို့ တွင်  ဆူပူအကြမ်းဖက် မှု များ ပြု လုပ် မည် ဟု သတင်း ထွက်ပေါ်ခဲ့
သော်လည်း တင်းကျပ် စွာ ချထားသည့် လုံခြုံရေး ကြောင့် ငြိမ်သက် နေခဲ့ သည်။