Pages

Sunday, June 10, 2012

မူဆလင်ကုလားများ သူတို့အိမ်ကို သူတို့မီးရှို့ခြင်းကြောင့် ရခိုင်အိမ်များကို ကူးစက်

မူဆလင်ကုလားများ သူတို့အိမ်ကို သူတို့မီးရှို့ခြင်းကြောင့် ရခိုင်အိမ်များကို ကူးစက်
Written by မင်းသွီး    Sunday, 10 June 2012 03:48   
kalarစစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁)တွင် မူဆလင်ကုလားများသည် သူတို့၏အိမ်ခြေ ၃၀ကျော်ကို သူတို့ကိုယ်တိုင် မီးရှို့လိုက်ရာတွင် ရခိုင်အိမ်(၃)အိမ် ပါဝင်သွားကြာင်းသတင်းရရှိသည်။
မင်းဂံရပ်ကွက် အကွက် (၁၅)တွင်လည်း မူဆလင်ကုလားများ ရခိုင်ရွာထဲသို့ ၀င်ရောက်လာပြီး မီးရှို့သွားခဲ့ကြောင်းသိရှိရသည်။
“လူတွေကတော့ မရှိတော့ဘူး၊ အဲဒီအကွက်(၁၅)က လူတွေအကုန်လုံးက ပြောင်းလာကြပြီ၊ အဲဒီအချိန်မှာ မူဆလင်ကုလားတွေက ၀င်လာပြီး မီးရှို့သွားတာ၊ အခု ကုလားရန်ကနေ ရှောင်ပြေးလာတဲ့လူတွေအတွက် ဒုက္ခသည်စခန်းတစ်ခုဖွင့်ကို ကျနော်တို့စီစဉ်နေပါတယ်၊ စစ်တွေမြို့ထဲက လူတွေရော၊ နောက်စစ်တွေနယ်ဘက်က လူတွေရော လုံခြုံရေးအားဖြည့်ပေးဖို့ ဆိုင်ကယ်တွေနဲ့ ကားတွေနဲ့ ရောက်နေကြတယ်၊ မြို့ထဲမှာတော့ အခြေအနေတွေက အေးဆေးပါ အဲဒီမှာလုံခြုံရေးတွေနဲ့ ဒုက္ခသည်တွေအတွက် ထမင်းထုတ်တွေနဲ့ သောက်ရေတွေထောက်ပံ့ပေးဖို့အတွက် စစ်တွေမြို့နယ် ရပ်ကွက်တွေက ပြင်ဆင်နေကြပါတယ်”ဟု လုံခြုံရေးယူနေသော လူငယ်တစ်ဦးကပြောပြသည်။
မင်းဂံရပ်ကွက်အနီးအနားတွင် ရှိသော မူဆလင်ကုလားများအားကာကွယ်ရန် သဲချောင်းနှင့် ဘုမေရွာရှိ မရာမာကြီးများနှင့် ရခိုင်များ အင်အား ၃၀၀ခန့် ပူးပေါင်းပါဝင်နေကြောင်းသိရှိရသည်။ ရန်ကုန်မှ လုံခြုံရေးများ လေယဉ်ဖြင့် ဆက်တိုက်ရောက်ရှိနေသော်လည်း မောင်တောဘက်တွင် အင်အားဖြည့်ပေးနေရသောကြောင့် စစ်တွေ လုံခြုံရေးမှာ အင်အားနည်းပါးလျက်ရှိကြောင်း ၄င်းလူငယ်ပြောပြချက်အရသိရှိရသည်။
မူဆလင်ကုလားများ စစ်တွေမြို့ထဲသို့ ချီတက်ရန် ကြိုးပမ်းနေမှုကို ရဲ၊ လုံထိန်း၊ စစ်တပ်နဲ့ လူထုတွေက စစ်တွေ မီးစက်လမ်းဆုံနှင့် မင်းဂံရွာထဲများသို့ ၀င်ရောက်ပြီး ပိတ်ဆို့ထားရကြောင်းသိရှိရသည်။ 547130 4193547597420 572020864 n
“အခုဖြစ်နေတာက မင်းဂံရပ်ကွက်မှာ ရှိတဲ့ကုလားတွေက စစ်တွေမြို့ထဲကို ၀င်ရောက်ဖို့ ကြိုးစားနေကြတာ၊ သေနပ်ပစ်တာတောင် သူတို့ ထွက်မပြေးဘူး၊ ဒုတ်တွေ၊ စူးတွေ၊ ဂျင်ဂလိတွေ၊ ကျောက်ခဲတွေနဲ့ ပြန်ပစ်တယ်၊ သူတို့ကို မြို့ထဲကို လုံးဝအ၀င်ခံလို့မဖြစ်ဘူး တစ်မြို့လုံး ပြာကျသွားနိုင်တယ်၊ ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် ကျနော်တို့ခုခံကာကွယ် သွားရမယ်”ဟု ၄င်းလူငယ်ကဆက်လက်ပြောကြားသည်။
နာဇီရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်(အင်ဘာလာ)ဘက်မှ မူဆလင်များမှာ ငြိမ်သက်စွာဖြင့် မည့်သည့်လှုပ်ရှားမှုမှ မရှိသော်လည်း လုံခြုံရေးများ စောင့်ကြည့်နေရသည်။