Pages

Thursday, June 14, 2012

ရခိုင်ဒေသကို ဗိုလ်ချုပ်ခင်ညွန့် ၁၀ သိန်း လှူ

Thursday, June 14, 2012                သန့်စင်ငြိမ်းချမ်း
ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအတွက် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က ယနေ့ ကျပ် ၁၀ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးခင်ညွှန့်နှင့် မိသားစုက ဒုက္ခသည်များအတွက် အလှူခံဌာနဖွင့်ထားသည့် ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်း ဆရာတော်ထံ သွားရောက် လှူဒါန်းသည်ဟု သိရသည်။

လကုန်ပိုင်းက စတင်ခဲ့သည့် ပဋိပက္ခကြောင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေ တမြို့တည်းမှာပင် စခန်းပေါင်း ၄၅ ခု အထိ ရှိနေပြီး ဒုက္ခသည် ၃၀,၀၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။