Pages

Tuesday, June 26, 2012

ကယ်ဆယ်ရေးစခန်းရောက် မောင်တောကျေးရွာသားများ နေရပ်မပြန်လိုဟုဆို


(ရန်ကုန်၊ ဇွန် ၁၆)
ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေကြသည့် မောင်တောမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများသည် မိမိတို့၏ နေရပ်သို့ မပြန်လိုဘဲ မြို့ပေါ်၌သာ အခြေချ နေထိုင်သွားလိုကြကြောင်း မောင်တောမြို့ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။
ယခုလ ၈ ရက်နေ့မှ စတင် ကာ မောင်တောမြို့၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မောင်တောမြို့ ပေါ်ရှိ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာခဲ့ကြသော ဒေသခံ ပြည်သူများ အား ယခုအခါ နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် သက်ဆိုင်ရာက စီစဉ်ဆောင် ရွက်နေမှုအား ၄င်းတို့က လက် မခံလိုကြကြောင်း ဒေသခံများ ထံမှသိရသည်။

လတ်တလော အခြေအနေ၌ မောင်တောမြို့ပေါ်တွင် ကယ်ဆယ် ရေးစခန်း လေးခု ရှိနေပြီး ဒုက္ခသည် ဦးရေ စုစုပေါင်း ၃ဝဝဝ ကျော်ခန့် ရှိနေကြောင်း အထက်ပါ ပုဂ္ဂိုလ် က ထပ်လောင်းပြောသည်။ ဒုက္ခသည် များအား နေရပ်သို့ အတင်းပြန်လည် စေလွှတ်ပါကလည်း ၄င်းတို့၏နေ အိမ်များ မီးရှို့ခံထားရသည့် အတွက် နေစရာအိမ် မရှိသလို လုပ်ကိုင်စား သောက်စရာလည်း မရှိကြကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။
”ရှိတာတွေ အကုန်လုံးက မီးထဲပါကုန်တော့ အခုဆိုရင် ဘာမှမရှိတော့ပါဘူး” ဟု ဒုက္ခ သည် စခန်းသို့ ရောက်ရှိနေသည့် မောင်တောမြို့ပေါ်နေ ကျူရှင် ဆရာ တစ်ဦးက ပြောကြားသည်။
လက်ရှိ အချိန်တွင် မောင် တောမြို့နယ်၌ လုံခြုံရေးများ စောင့်ကြည့်လျက် ရှိသည့်အတွက် တည်ငြိမ်အေးချမ်းလျက် ရှိကြောင်း သိရသည်။
စံကျော်