Pages

Sunday, June 10, 2012

စစ်တွေအပါအ၀င် နောက်ထပ် ၄ မြို့တွင် ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်လိုက်ပြီ

Sunday, June 10, 2012
သမ္မတရုံး ၀က်ဆိုက်တွင် ဖော်ပြထားသော စစ်တွေ မြို့အတွက် ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ခြင်း



စစ်တွေ၊ သံတွဲ ၊ ကျောက်ဖြူ၊ ရမ်းဗြဲ ပုဒ်မ ၁၄၄ ၊ ည မထွက်ရ အမိန့်ထုတ်ပြန်ဟု ရုပ်မြင်သံကြား ကြားဖြတ် သတင်းတွင် ကြေညာ သွားသည်။

အဆိုပါဒေသတွင် ရခိုင် အပါအ၀င်ဒေသခံ တိုင်းရင်းသားများနှင့် ဘင်ဂါလီ ရိုဟင်ဂျာများအကြား ပဋိပက္ခမှာ အရှိန်မြင့် ပြင်းထန်လာသည့်အတွက် ဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသ၏ တည်ငြိမ်ရေး၊ အေးချမ်း သာယာ လုံခြုံစွာရှိရေးတို့အတွက် ယခုကဲ့သို့ နေ၀င် မီးငြိမ်းအမိန့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့သတင်းစဉ်က ဆိုသည်။

ထို့အပြင် လူ ၅ ဦးထက် ပိုမစုရပဲ ဆူပူခြင်း၊ အကြမ်းဖက်ခြင်းများပြုများလုပ်လျှင် ပြင်းထန်စွာ အရေးယူမည်ဟု နိုင်ငံပိုင် ရုပ်သံသတင်းက ကြေညာသည်။

ယခုအမိန့်ကို နောက်ထပ် အမိန့် တစုံတရာ ထုတ်ပြန်ခြင်း မရှိဘဲ အတည်ဖြစ်နေမည်ဟု သတင်းစဉ်ကဆိုသည်။
လွန်ခဲ့သည့် ဇွန်လ ၈ ရက်နေ့ ဖြစ်စဉ်ကြောင့် မောင်းတောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မြို့နယ်များမှာ စုစုပေါင်း ၆ မြို့နယ် ဖြစ်သည်။