ဇွန်လ ၂၉ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက မီဒီယာများနှင့် တွေ့ဆုံစဉ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတို့
အရွယ်မရောက်သေးသည့် ကလေးသူငယ်များ တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ
ကာကွယ်ရန်နှင့် အသက်မပြည့်သေးသော တပ်သားသစ်များ ကို လွတ်မြောက်ခွင့်ပြုရန်
လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းအစီအစဉ်အား သဘောတူစာချုပ် အသက်ဝင်ချိန်မှ ၁၈
လအတွင်းအပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၉ ရက်နေ့က
ရန်ကုန်မြို့ရှိ ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့(ယူနီဆက်)တွင်
ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏
အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက ပြောကြားခဲ့သည်။