Pages

Saturday, June 23, 2012

လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ကို ပုဒ်မ ၅၀၅(ခ)၊ (ဂ) တို့ဖြင့် တရားစွဲခံရ



ရန်ကုန်၊ ဇွန် ၂၂

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာန စည်းမျဉ်း အရ ဂျာနယ်ထုတ်ဝေခွင့် ယာယီရပ်နားခံထားရသော လျှပ်တစ်ပြက် သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅ (ခ) ၊ (ဂ) တို့ဖြင့် တရားစွဲဆိုသည့် သမ္မန်စာ လက်ခံရရှိထားကြောင်း ဦးမြတ်ခိုင်က အတည်ပြု ပြောကြားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍The Voice Weekly က လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ထံ အတည်ပြု ဆက်သွယ်မေးမြန်းခဲ့ရာ ပုဇွန်တောင်မြို့နယ်တရားရုံးက ဇွန်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် သမ္မန်စာပေးပို့ထားပြီး ဇွန်လ ၂၅ ရက်နေ့တွင် တရားရုံးသို့ လူကိုယ်တိုင်လာရောက်ရန် ယင်းသမ္မန်စာတွင် ပါဝင်ကြောင်း ပြန်လည်ဖြေကြားသည်။