Pages

Saturday, June 2, 2012

အီဂျစ် အာဏာရှင် ဟောင်း ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်

by FNG on June 2, 2012
 80debc5f52c98b176dcd15cd757e_grande


အီဂျစ် ပြည်သူများ၏ တစ်လ ကျော်ကြာ  အုံကြွတွန်းလှန်မှု ကြောင့် အာဏာလက်လွတ် ဖြစ်ခဲ့ ရသည့်
အီဂျစ် သမ္မတ ဟောင်း ဟိုစနီ မူဘာရက် ကို ယနေ့ မြို့ တော် ကိုင်ရို ရှိ လုံခြုံရေး ထူထပ် စွာ ချထား
သည့် တရား ရုံး တွင် စစ်ဆေး ပြီး နောက် ဆန္ဒပြသူ များ ကို သတ်ဖြတ်မှု တွင် ပါဝင် ပတ်သက် မှု
ကြောင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ် ခဲ့ သည်။

အသက် ၈၃ နှစ် အရွယ် ရှိ ပြီ ဖြစ်သည့် ဟိုစနီ မူဘာ ရက် သည် နိုင်ငံ ကို ၂၉ နှစ်ကြာ အုပ်ချုပ် ခဲ့ ပြီး၂၀၁၁
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် ရာထူး မှ ဖယ်ရှား ပေးလိုက်ရသည်။
မူဘာရက် သည် ဆန္ဒပြ သူများ ကို လူမဆန်သည့် နည်းလမ်း များ သုံး ပြီး နှိပ် ကွပ် ခဲ့မှု ကြောင့် ၈၀၀
ကျော် သေဆုံးပြီး၉၀၀၀ ကျော်ဒဏ်ရာရရှိသည်။ သူ၏ သား နှစ် ဦး ဖြစ်သူ ဂါမဲလ် နှင့် အာလာ မူဘာရက်
တို့ နှစ်ဦး လည်း ဖခင် ဖြစ်သူနှင့် အတူ အစစ်ဆေး ခံရမည် ဖြစ်ပြီး သူ ၏ ပြည်ထဲရေး ၀န်ကြီး နှင့် ထိပ်တန်း
ရဲအရာ ရှိ အချို့ မှာ မူ ကနဦး ပြစ်ဒဏ် များ ကျ ခံ နေရ ပြီး ထောင် သွင်း အကျဉ်း ချ ခံထား ရသည်။
ရှမ်အယ်(လ) ရှိတ် အပန်း ဖြေစခန်း ရှိ ဆေးရုံ တစ်ခု တွင် တက်ရောက် ကုသ ခံနေရစဉ် ယနေ
့ စစ်ရဟတ် ယာဉ် ဖြင့် ယာယီ တရား ရုံး တည် ရှိရာ ကိုင်ရို ရဲ သင်တန်း ကျောင်း သို့  စစ်တပ် ရဟတ်
ယာဉ် ဖြင့် ရောက် ရှိ လာခြင်း ဖြစ်သည်။
မူဘာရက် ၏ ရှေ့ နေ ဟိုဆမ် ဘာဂတ် က အယူခံ ၀င်မည် ဟု ဆိုသည်။
နိုင်ငံ ကို နှစ်ပေါင်း ၃၀ ကြာ အာဏာရှင် တစ်ဦး အဖြစ် အုပ်ချုပ် ခဲ့သည့် ဟိုစနီ မူဘာရက် သည် ကိုင်
ရိုမြို့  တွင်း ရှိ အကျဉ်းထောင် တစ်ခု ဉ် သူ ၏ ကျန်ရှိ နေသည့် အချိန် များ ကို ကုန် လွန် ရတော့ မည်
ဖြစ်သည်။