Pages

Tuesday, June 26, 2012

သမီးလေးရဲ့အိုက်တင်က အဖေနဲ့အမေထက် သာမယ့်သူလို့ဆိုလာတဲ့ ပြေသုဒြာရဲ့ မိခင် အိန္ဒြာကျော်ဇင်



အိန္ဒြာကျော်ဇင်က မိခင်ဖြစ်သူခရီးသွား နေတဲ့အချိန်မှာ ရိုက်ကူးရေး ခဏနားထားပြီး သမီးလေးကို အနီးကပ်ပြုစုနေပါတယ်။  ပရိသတ်တွေလည်း တအားတွေ့ချင်နေ ပြီဖြစ်တဲ့ သမီးလေးပြေသုဒြာဟာ အခုဆိုရင် အရွယ်နဲ့မလိုက်အောင် သိတတ်နားလည်တဲ့ အမူအရာလေးတွေနဲ့ ချစ်စရာကောင်းနေပါတယ်။ သမီးလေးရဲ့အမူအရာ သိတတ်ပုံ အပြည့်အစုံကို အိန္ဒြာကျော်ဇင်ထံမေးမြန်းဖြစ်တော့…“ပရိသတ်က သူ့ကိုပါအာရုံစိုက်ပြီး စိတ်ဝင်စားကြတဲ့အတွက် ကျေးဇူးလည်းတင် ဝမ်းလည်းသာ ပါတယ်။
ကလေးအကြောင်း ပြောရမယ်ဆိုရင်တော့ သူကအသက်ရွယ်နဲ့မလိုက်ဘူး။ တအားသိ၊ တအားတတ်တယ်။ ဒါပေမဲ့ သမီးမှမဟုတ်ပါဘူး။ အခုနောက်ပိုင်း ကလေးတွေက အကုန်တတ်ကြပါတယ်။ အခုသူ့ကို ထမင်းတွေဘာတွေဆိုလည်း ကိုယ်တိုင်ကျွေးတယ်။ လောလောဆယ် သူ့အကြောင်းပြောရမယ်ဆိုရင် ထမင်းသိပ် မစားဘဲ ဂျီကျနေတယ်။ သူက နို့စို့တာကို ပိုအားသန်နေတယ်။အဲဒီတော့သူ ထမင်းမစားရင် စိတ်တွေပူပြီး ပြနေကျဆရာဝန်ဆီ ဖုန်းလှမ်းဆက်တယ်။ ဆရာဝန်က ကလေး ဆိုတာ ဖြစ်တတ်တယ်။ နောက်တစ်ရက် နှစ်ရက်ဆိုစားမှာပါလို့ ပြောတယ်။ ပြီးရင် စိတ်မကောင်းဖြစ်သွားတာလား၊ ဘာလား သူကတအားသိတယ်။ သူ့ကိုပထမ တစ်ခါခေါ်ရင် မလာဘူး။ အိုက်တင်လုပ်တာပြီးရင် နောက်တစ်ခေါက် ထပ်ခေါ်ရင်လာတယ်။ သူ့ကိုထမင်း ကျွေးလို့ မစားရင် မေမေငိုလိုက်တော့မှာလို့ ပြောပြီး အစ်မက ငိုတဲ့အမူအရာလုပ်ပြရင် ချက်ချင်းပါးစပ်လေးဟပြီး ထမင်းစားတယ်။ အဲဒီလိုမျိုး ကလေးကသိနေတာပေါ့။ သူက အိုက်တင်ကတော့ `ဖေမေသာ`ဖြစ်မှာ အဖေရော အမေရောထက်သာလို့။ အဲဒါအစ်မ ယောက်မကသူ့ကိုပြောတာ `ဖမေသာ´တဲ့´´လို့ သမီးလေးအကြောင်းကို ဝမ်းသာပီတိတွေနဲ့ ပြောပြတဲ့ အိန္ဒြာကျော်ဇင်ပါ။ အသက် ၈လခွဲ ရှိပြီဖြစ်တဲ့သမီး လေးပြေသုဒြာက ကုန်ပစ္စည်း၃မျိုးကိုကြော်ငြာ ဓာတ်ပုံရိုက်ကူးပေးရမှာဖြစ်ပြီး ဖခင်ဖြစ်သူပြေတီဦးက ကလေးငယ်သေးတဲ့အတွက် ပင်ပန်းမှု မဖြစ်စေလိုကြောင်း ပြောထားတယ်လို့ဆိုပါတယ်။
ဝဿန်