Pages

Saturday, June 9, 2012

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုခံလိုက်ရသော ဒေသခံများအတွက် ဦးတေဇ ဘဏ်က အလှူ

Saturday, June 09, 2012  အိမ့်သံစဉ်
AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်) ရဲ့ အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာ တွင် အောက်ပါအတိုင်း ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရသော မြန်မာနိုင်ငံ သားများ အတွက် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ အဲပုဂံလေကြောင်းလိုင်း၊ Elite Tech Co., Ltd. နှင့် Htoo Group of Companies တို့မှ စုပေါင်းလှူဒါန်းသည့် အလှူငွေ ကျပ်သိန်းငါးရာကို ထူးဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ် အစိုးရသို့ ဆက်သွယ်လှူဒါန်းမည်ဖြစ်ပါတယ်။