Pages

Friday, June 8, 2012

ဘင်္ဂါံလီ လူမျိုးများ၏မီးရှို့မှုကြောင့်ပျက်စီးမှုများ.........


  • မောင်တောမြို့ပြင်ရှိ ကျေးရွာများကို မီးရှို့ခဲ့သော ဘင်္ဂါလီများက မောင်တော မြို့အတွင်း ၀င်ရောက်ရန် ကြိုးစားနေသဖြင့် ၀င်ရောက်လာမည် ဆိုပါက ပစ်ခတ်တော့မည် ဖြစ်ကြောင်း လုံထိန်းတပ်ဖွဲ့ဝင်များက သတိပေး နေသံများကို ကြားနေရကြောင်း ဒေသခံတစ်ဦးက ည ၁၀နာရီခန့်တွင် ပြောကြားခဲ့ပါသည်။

    လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ယနေ့ မွန်းလွဲပိုင်းက မကျေးမြိုင်ရပ်ကွက်မှ အသုဘ အလောင်းကို
    သင်္ဂြိုလ်ရန် အတွက် မှန်စီ သုဿန်သို့ ပို့ဆောင်ရန် အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ သဲချောင်းရွာအနီးမှ ဖြတ်သန်းသွားစဉ် အစ္စလာမ် ဘာသာဝင် လူနှစ်ဆယ်ခန့်က အလောင်းကို တားဆီးထားသဖြင့် ဒေသခံ ရခိုင်လူမျိုးများနှင့် အစ္စလာမ် လူမျိုးများအကြား ပဋိပက္ခ ဖြစ်ပွား လျက်ရှိကြောင်း စစ်တွေမြို့  အလိုတော်ပြည့်ကျောင်းတိုက် နှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

    အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိနေသော မောင်တောမြို့နယ် မြို့မ ဘုန်းကြီးကျောင်းအနီး ရှိနေအိမ်များကို ဘင်္ဂါလီလူမျိုးများက မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်နေသဖြင့် ဒေသခံများမှ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းသိမ်းနိုင်ရန် ကြိုးစားဆောင်ရွက် လျက်ရှိပြီး သေနတ်သံများကြားရကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရသိရှိရသည်။

    "ထိန်းလို့မရလို့ သေနတ်နဲ့ပစ်တယ်လို့ကြားတယ်။လူသုံးဆယ်လောက်ထိတယ် ကြားတယ်။ဘုန်းကြီးကျောင်းကို ပါ ခဲနဲ့ပစ်တယ်။ "ဟု ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
    ဘင်္ဂါံလီ လူမျိုးများ၏မီးရှို့မှုကြောင့်ပျက်စီးမှုများ.........
    Min Ko Aung's photo.