Pages

Monday, June 4, 2012

စစ်တွေ အဓိကရုဏ်း ဒဏ်ရာ ပြင်းထန်သူများ ရှိ

စစ်တွေ အဓိကရုဏ်း ဒဏ်ရာ ပြင်းထန်သူများ ရှိ

အခင်းဖြစ်ပွားရာ စစ်တွေမြို့ အမှတ် (၁) ရဲစခန်း ဓာတ်ပုံ - Ko San Lwin's facebook
ရခိုင်ပြည်နယ် စစ်တွေမြို့  အမှတ် (၁) ရဲစခန်းရှေ့မှာ ဆန္ဒပြသူများကို ရဲက သေနတ်ဖြင့် ပစ်ခတ်မှု ဇွန်လ ၃ရက်နေ့ ည နှင့် ဇွန်လ ၄ ရက်နေ့ နံနက်စောစောပိုင်းတို့က ဖြစ်ပွားခဲ့ရာ ဒဏ်ရာ ထိခိုက်ပြင်းထန်စွာ ရသူများ ရှိကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ ၅ ပတ်လောက်က ဈေးဆိုင်တွေအတ်ွက ဈေးခွန်နှုန်း ( ဈေးကောက်နှုန်း) ကြီးမားမှုကို ဦးဆောင် ဆန္ဒပြခဲ့သူ တဦး ဟာ တန်ပြန်အုပ်စုတွေက ရိုက်သတ်လို့ သေဆုံးတယ်ဆိုတဲ့ မှားယွင်း သတင်းကြောင့် အမှတ် ၁ ရဲစခန်းရှေ့မှာ မကျေနပ် သူတွေက စုရုံး ဆန္ဒပြကြတာပါ။



ဆန္ဒပြမှု အရှိန်မြင့်လာမှုကြောင့် ရဲက ပထမ သေနတ်မိုးပေါ် ထောင်ဖောက်ရာကနေ လူအုပ်ထဲကိုပါ ပစ်ခတ်မှုဖြစ်ပွားလို့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရကြပြီး ဖေ့စ်ဘုတ်အင်တာနက် လူမှု ကွန်ရက်မှာလည်း ဓာတ်ပုံတွေ မြင်မကောင်းအောင်လည်း တက်လာနေပါတယ်။

အခင်းဖြစ်ပွားချိန်မှာလည်း ရခိုင်ပြည်နယ်က လွှတ်တော်အမတ် ဒေါက်တာအေးမောင် အပါအ၀င် အမတ်တချို့ဖြစ်လည်း ရဲစခန်းဝင်းထဲမှာ ရှိနေခဲ့တယ်လို့ သတင်းတွေက ဆိုထားပါတယ်။

နောက်ဆုံးရတဲ့ သတင်းများ အရတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် တာဝန်ရှိသူတွေလည်း အခင်းဖြစ်ပွားမှုကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖို့ အပူတပြင်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။