Pages

Tuesday, June 26, 2012

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖွင့်လှစ်လိုက်တဲ့ အခမဲ့ ဆေးခန်း(ရုပ်-သံ)


Burma VJ Tue, Jun 26th, 2012


ဆင်းရဲချို့တဲ့ အကူညီမဲ့ နာမကျန်းသူများအား စောင့်ရှောက်သူများ အဖွဲ့မှ ဦးစီးပြီး အခမဲ့ ထွေထွေရောဂါကု ဆေးခန်းကို ရန်ကုန်တိုင်းဒဂုံ ဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွတ် ဘာဂဗလ လမ်းမှာရှိတဲ့
အိမ်နံပါတ် ၃၂၀(ခ) မှာ ဖွင့်လှစ် လိုက်ပါတယ်။ ဆင်းရဲချို့တဲ့ အကူအညီမဲ့နာမကျန်းသူများအား
 စောက်ရှောက်သူများ အဖွဲ့မှ လူငယ်၂၇ ဦးက စုပေါင်းပြီး ဇွန်လ ၂၂ ရက်နေ့က ဖွင့်လှစ် ခဲ့တာပါ။
 ဒီ အခမဲ့ ဆေးကုခန်းကို ဆင်းရဲချို့တဲ့ အကူညီမဲ့ နာမကျန်းသူများ စောင့်ရှောက်သူများ အဖွဲ့က ဒဂုံ ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဆင်းရဲချို့တဲ့ သူတွေအတွက် တဖက်တလမ်းကနေ အကူအညီ ပေးနိုင်အောင် ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူပဲ ဆင်းရဲချို့တဲ့ အကူညီမဲ့နာမကျန်းသူများ စောင့်ရေးသူများ အဖွဲ့ အနေနဲ့ အခမဲ့ ဆေးခန်းတွေကို
ဒဂုံမြို့သစ် တောင်ပိုင်း ကျဉ်စုကျေးရွာ၊ ဒဂုံမြို့သစ် တောင်ပိုင်း
ကြိုဆိုပါ၏နဲ့ ဒဂုံ ဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်တို့မှာ ဖွင့်လှစ်ထားတယ်လို့ သိရှိ ရပါတယ်။