Pages

Monday, June 4, 2012

တောင်ကုတ်မှ လူ(၁၀)ဦးအသတ်ခံရမှုအား အစ္စလာမ်သာသနာရေးရာကောင်စီက တွေ့ဆုံဆွေးနွေးနေ


ထွန်းနေအောင်(မြစ်မခ)
by Myit Makha Mediagroup on 4 Jun, 2012



ရခိုင်ပြည်နယ်တွင် တောင်ကုတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သောအစ္စလာမ်လူမျိုး (၁၀)ဦး အသတ်ခံရမှုအား   မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာကောင်စီအဖွဲ့(၅)ဖွဲ့မှ တွေ့ဆုံဆွေးနွေးကာ ကိုင်တွယ်ဖြေရှင်း ကြမည်ဖြစ်ကြောင်း အစ္စလာမ်သာသနာရေးရာကောင် စီက စုံစမ်းသိရှိရသည်။
 
အဆိုပါ အသတ်ခံရသော အစ္စလာမ်လူမျိုး (၁၀)ဦးသည် ဂျမာအတ်လုပ်ငန်းလုပ်ကိုင်နေသူများဖြစ်သည်။
 
“ဒီကိစ္စဟာ အင်မတန် နှုးညံ့တဲ့ ကိစ္စဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်အဖွဲ့(၅)ဖွဲ့နဲ့ သေချာတိုင်ပင်ပြီး သတင်းထုတ်ပြန်မှာပါ။ ၀န်ကြီးတွေနဲ့လည်း တွေဆုံပြီး ဒီကိစ္စကို ဖြေရှင်းဖို့ကြိုးစားသွားမှာပါ။”ဟု ရန်ကုန်မြို့ အစ္စလာမ်သာသနာရေးရာကောင်စီမှ ဦးဝဏ္ဏမောင်ရွှေက ပြောသည်။
 
ထိုကိစ္စနှင့် ပတ်သတ်၍ ရခိုင်တိုးတက်ရေးပါတီမှ ဇွန်လ(၅)ရက်နေ့တွင် ထုတ်ပြန်ချက် တစ်ရပ်ထုတ်ပြန်မည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 


 
“ဒီကိစ္စဟာ ဘာသာရေးနဲ့ သက်ဆိုင်တယ်။ မနက်ဖြန်ကျမှ ပါတီအနေနဲ့ ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် သွားမှာပါ။” ရခိုင် တိုးတက်ရေး   ပါတီမှ အထွေထွေအတွင်းရေးမှုး ဦးဦးလှစောက ပြောသည်။
 
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှလည်း ဇွန်လ(၄)ရက်နေ့ ညနေပိုင်းတွင် ထိုကိစ္စနှင့် ပတ်သတ်၍ မေတ္တာရပ် ခံေ ကြာ်ငြာ ချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့က သိရှိရသည်။
 
“ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သတ်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြောငြာချက် ဆိုတဲ့ခေါင်းစဉ်နဲ့ Statement ကို ဒီညနေပဲ ထုတ်လိုက်တာပါ။”ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုဘသက်အောင် က ပြောသည်။
 
 
အဆိုပါ အစ္စလာမ်လူမျိုး(၁၀)ဦးအသတ်ခံရမှုမှာ ဇွန်လ(၃)ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ အထက်တန်းကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။