Pages

Tuesday, June 26, 2012

ရန်ကုန်-စစ်တွေ ခရီးသည် တင်ယာဉ်အချို့ ပြန်ထွက်



တစ်ပတ်ကျော်ကြာ ရပ်နား ထားသော ရန်ကုန်-စစ်တွေ ခရီးသည်တင် လိုင်းကားအချို့ သည် ဇွန်လ ၁၇ ရက်နေ့မှ စတင်၍ ပြန်လည်ပြေးဆွဲပြီ ဖြစ် ကြောင်း သိရ သည်။
 ”ဒီနေ့ စစ်တွေ-ရန်ကုန်ကား တွေ စထွက်ပါပြီ။ စစ်တွေကနေ လည်း ဒီနေ့ထွက်တယ်။ ရန်ကုန် ကနေလည်း ဒီနေ့စထွက်တယ်။ ရခိုင်ပြည်နယ်တွင်း ခေါက်တိုဆွဲတဲ့ ကားလိုင်းတွေလည်း စထွက်ပါပြီ” ဟု ရွှေပြည်သစ် ခရီးသည်ပို့ဆောင် ရေးမှ ယာဉ်မောင်းတစ်ဦးက ဇွန်လ ၁၇ ရက်နေ့တွင် ပေါ်ပြူလာနယူးစ် သို့ ပြောသည်။ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် ဇွန်လ ၉ ရက် နေ့တွင် ရခိုင်ပြည်နယ်နှင့် ရန်ကုန် ပြေးဆွဲနေသော ခရီးသည်တင်လိုင်း ကားအချို့ စတင်ရပ်နားခဲ့ပြီး ဇွန် လ ၁၁ ရက်နေ့တွင် ရခိုင်နှင့်အခြား ဒေသများသို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းအားလုံး ရပ်နားခဲ့သည်။
ရခိုင်ပြည်နယ်နှင့် အခြားဒေသသွား ခရီးသည်တင် ယာဉ်လိုင်းများ ၈ ရက်ကြာရပ်နား ပြီးနောက် ရွှေပြည်သစ်ယာဉ်လိုင်း က ဒေသတွင်းနှင့် ရခိုင်-စစ်တွေကို စတင်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရ သည်။ ယခုအခါ ရခို င်နှင့် မန္တလေး၊ ရခိုင်နှင့် မကွေးမြို့များ ပြေးဆွဲသော ယာဉ်လိုင်း အချို့မှာလည်းပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။ ရေကြောင်း ပို့ဆောင်ရေးခရီး များမှာ လည်း ဇွန်လ ၁၆ ရက်နေ့ ကစတင်၍ရေယာဉ်တချို့ ပြန်လည် ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။”ကျွန်တော်တို့ ရန်ကုန်က ဇွန်လ ၈ ရက်နေ့ကတည်းက ထွက် လာ တာ။ မြေပုံမြို့နယ်ထဲ ကီယော ချောင်းကိုရောက်တာ ၅ ရက်ရှိပြီ။ ထမင်းဖိုးတင် တစ်သိန်းကျော် ကုန် သွားပြီ။ ဆက်သွယ်သွားလာမှု မရှိ၊ အရေးပေါ်အခြေအနေကြေ ညာထား တော့မသွားရဲဘူး။ ဇွန်လ ၁၆ ရက် နေ့က အရဲစွန့်ပြီး ရှေ့ဆက်မောင်း တာ။ ပုဏ္ဏားကျွန်းမှာ တစ်ညအိပ်ပြီး စစ်တွေကို ဒီနေ့ရောက်ပါတယ်”  ဟု ရန်ကုန်မှ စစ်တွေ ကုန်တင်ကား လေးစီးကို ကွပ်ကဲမောင်းနှင်သွားသူ ကိုထွန်းက ပြောသည်။ထိုသို့ ခရီးသည်တင် လိုင်း ကား အချို့ ခရီးစဉ် စတင်ပြေးဆွဲ သော်လည်း စစ်တြွေ မို့တွင် တစ်ပတ်ကြာ ပိတ်မိနေသော ခရီး သည်တင်ကား အချို့မှာ ဇွန်လ ၁၆ ရက်နေ့က ခရီးသည်မပါဘဲ ပြန် လည် ထွက်ခွာသွားကြောင်း သိရ သည်။ ”ကျွန်မတို့ ဇွန်လ ၁၇ ရက် နေ့ကစပြီး ရန်ကုန်-စစ်တွေ လိုင်း တွေ ပြန်ဆွဲပါပြီ” ဟု တိုးရတနာ ကားဂိတ်ပိုင်ရှင် ဒေါ်စန်း စန်းဝင်းက ပြောသည်။ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ   ကြောင့် ရန်ကုန်သို့ ငါးနှင့်ပုစွန်များ တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီး ရန်ကုန်မှ ရခိုင် ကုန်စည်စီးဆင်းမှုလည်း ရပ်ဆိုင်း ခဲ့သည်။ ယင်းအတွက် ရခိုင်ပြည် နယ်တွင်း ပဋိပက္ခ ဖြစ် ရာဒေသများ ကုန်စည်ပြတ်လပ်မှု ရှိခဲ့သော်လည်း သိသာသော ကုန်ဈေးနှုန်းမြင့်တက် မှု မဖြစ်ခဲ့ကြောင်း မင်းပြား၊ မြောက် ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့် ဒေသခံတို့က ပြော သည်။စစ်တွေမြို့တွင် နိုင်ငံတော်သမ္မ  တက အရေးပေါ်အခြေအနေ ကြေ ညာပြီးနောက် ညနေ ၆ နာရီကျော် လျှင် လမ်းပေါ်ထွက်ခြင်း မပြုလုပ် ရကြောင်း၊ တပ်မတော်နှင့် လုံထိန်း ရဲဘော်များမှာ နေ့ရောညပါ ကင်း လှည့်စောင့်ကြပ်မှု ပြုလုပ်နေသေး ကြောင်း၊ အတန်အသင့် တည်ငြိမ် မှု ရှိပြီဟု ယူဆကြောင်း၊ စစ်တွေ မြို့နှင့် တစ်နာရီခန့် သွားရသော ပုဏ္ဏားကျွန်းတွင် ညအချိန် သွား လာခွင့် ပြုထားပြီး လျှပ်စစ်မီးများ လည်း ပေးထားကြောင်း စစ်တွေ မြို့ခံ တစ်ဦးက ပြောသည်။
မိုးမြင့်မြတ်