ဘူးသီးတောင် ပြည်တွင်းရေကြောင်း သင်္ဘောဆိပ်အား ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်
အကြမ်းဖက်မှုများ ငြိမ်သက်သွားပြီဖြစ်သော်လည်း မောင်တောဒေသအတွင်း
တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများမှာ ၎င်းတို့၏ လုံခြုံရေးအတွက်
စိုးရိမ်ပူပန်သဖြင့် လာရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိကြတော့ဘဲ
စွန့်ခွာမှုများ ရှိလာကြောင်း၊ ဒေသခံများပါ ဘေး ကင်းလုံခြုံသည်ဟု
စိတ်ချရသောနေရာဒေသများသို့ ယာယီရွှေ့ပြောင်းနေထိုင်မှု ရှိလာကြောင်း
မောင်တောဒေသခံများ၏ ပြောကြားချက်များအရ သိရပါသည်။