Pages

Wednesday, June 20, 2012

၂၄ နှစ် တာကာလ အတွင်း ၆၇ နှစ် မြောက် မွေးနေ့  ကို အောက်စဖိုဒ့် မှာ မိသားစုတွေ နဲ့  ကျင်းပ

by FNG on June 20, 2012 ASSK B'day





မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့  ၆၇ နှစ် မြောက် မွေးနေ့  ပွဲ ကို
အင်္ဂလန် နိုင်ငံ အောက်စဖို့ ဒ် မြို့  မှာ သူမ ရဲ့  မိသား စု နဲ့  ကျင်း ပခဲ့ တယ် လို့  တယ်လီဂရပ်
(ဖ) သတင်းစာ မှာ ဖော်ပြထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဥရောပ ခရီးစဉ် တစ်ထောက် အဖြစ် အင်္ဂလန် နိုင်ငံ ကို မရောက်
ရှိ ခင် မှာ အိုင်ယာ လန် နိုင်ငံ ကို ၀င်ရောက် ခဲ့ ပြီး မြန်မာ့ ဒီမိုကရေစီ ရေး ကို အစဉ် အား ပေး
ထောက်ခံ မှု ပြု ခဲ့ တဲ့ U2 အဖွဲ့  က အဆို တော် ဘိုနို နဲ့  တွေ့ ဆုံ ခဲ့ သလို  နိုင်ငံ တကာ လွတ်
ငြိမ်းချမ်းသာ ခွင့် အဖွဲ့  ကြီး (Amnesty international) မှ ပေး အပ် ချီးမြှင့် သည့်
Ambassador of Conscience ဆုကို အိုင်ယာ လန် ဒဗ္ဗလင် မြို့ မှာ တက်ရောက် လက္ခံ
ရယူ ခဲ့ ပါတယ်။
ဇွန်လ ၁၉ ရက်နေ့ မှာ အင်္ဂလန် နိုင်ငံ လန်ဒန် မြို့  ကို ရောက် ရှိ ခဲ့ ပြီး BBC သတင်းဌာန ကို
ဝင်ရောက် လည် ပတ် ခဲ့ ပြီး BBC သတင်း ဌာန ရဲ့  အင်္ဂလိပ် ပိုင်း နဲ့  မြန်မာ ပိုင်း အစီအစဉ်
တွေ နဲ့  ပါ တွေ့ ဆုံ မေးမြန်းမှု ကို ဖြေကြား ခဲ့ ပါတယ်။
အဲဒီနောက်သူ ပညာသင်ကြား ခဲ့ ရာ  အောက်စဖိုဒ် တက္ကသိုလ် နဲ့  စာကြည့် တိုက် တွေ  ကို
သွား ရောက် လည်ပတ် ခဲ့ ပြီး ငယ်စဉ် က ကျောင်း နေ ဖက် သူငယ်ချင်း ဟောင်း တွေ နဲ့  ပြန်
လည် တွေ့ ဆုံ မှု ပြု လုပ် ခဲ့ ကာ ညနေ ပိုင်း မှာ တော့ ၆၇ နှစ် မြောက် မွေး နေ့  ပွဲ သား ဖြစ်
သူ ကင် အပါအ၀င် မိသားစု တွေ နဲ့  အောက်စဖိုဒ် မြို့  မှာ ကျင်းပခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၈၈ ခုနှစ် မှာ မြန်မာ နိုင်ငံ ကို ပြန်လည် ရောက် ရှိ ခဲ့ ပြီး နောက်
အင်္ဂလန် နဲ့ ပထမ ဦးဆုံး ဥရောပ ခရီး စဉ် ဖြစ်ပါတယ်။

သူ့  ရဲ့  ဥရောပ ခရီးစဉ် နိုင်ငံ တွေ့ ဖြစ်တဲ့ ဆွစ်ဇာလန် ၊ နော်ဝေ ၊ အိုင်ယာလန် တို့  မှာ နိုင်ငံ
ခေါင်းဆောင် တွေ ထင်ရှား ကျော် ကြား သူ တွေ က တွေ့ ဆုံ နှုတ်ဆက် ခဲ့ ကြ ပြီး ပြည်သူ
တွေ နဲ့  အဲဒီ နိုင်ငံ တွေ ရောက် မြန်မာ မိသားစု တွေ ကလည်း သောင်းသောင်း ဖျဖျ ကြို
ဆို ခဲ့ ကြပါတယ်။
၂၀၁၀ ခုနှစ် မှာ နေအိမ် အကျယ် ချုပ် က ပြန်လည် လွတ်မြောက် လာ ပြီး နောက် ၂၀၁၁
ခုနှစ် က  အသက် ၆၆ နှစ် မြောက် မွေး နေ့  ပွဲ ကို ရန်ကုန် မြို့  မှာ ကျင်းပ တာ ဖြစ် ပြီး
အသက် ၆၇ ခုနှစ် မွေး နေ့ အခမ်း အနား ကို တော့ မိသားစုရှိရာ  အောက်စဖိုဒ့်  မှာ ကျင်း
ပ ခဲ့ တာဖြစ်ပါတယ်။  ဒီ မြို့  မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အဆင့် မြင့် ပညာ ကို သင်ကြား ခဲ့ ပြီး
ခင်ပွန်း ဖြစ်သူ နဲ့  တွေ့ ဆုံ ခဲ့ တဲ့ ချစ်သက်သေ တည်ထားရာ မြို့ ဖြစ်ပါတယ်။
Photo : BBC, AP, AFP, Getty