Pages

Friday, June 29, 2012

အင်္ဂလိပ်ဘာသာနဲ့ ဘားမား သုံးနှုန်းမှု ဖွဲ့စည်းပုံကို မထေ့မဲ့မြင်ပြုရာမရောက်

2012-06-29
 မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာနဲ့ ဘားမားလို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မထီမဲ့မြင်ပြုရာ မရောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောကြား လိုက်ပါတယ်။

Photo courtesy of The Mirror
နိုင်ငံတော်အမည် ပြောဆိုသုံးနှုန်းမှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာဖော်ပြချက်။
နိုင်ငံတော်အမည်ကို Burma ဘားမား ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသုံးနှုန်းနေတာကို မြန်မာလို့သာ ခေါ်ဆိုအသုံးပြုဖို့ အသိပေး အကြောင်းကြားထားကြောင်း ဒီကနေ့ အစိုးရထုတ် သတင်းမီဒီယာတွေမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက AP သတင်းဌာနကို အခုလို တုံ့ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီအခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က အခုလို အသိပေး အကြောင်းကြားတဲ့ ကိစ္စဟာ ပြဿနာကြီးတရပ် မဟုတ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က အခုလို သတိပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Myanmar, Burma ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းတာကို သတိပေးတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဆရာကြီးဦးဝင်းတင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။