Pages

Saturday, June 9, 2012

မောင်တောနှင့် နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ကြည်း၊ရေ) တပ်ဖွဲ့များ ရောက်ရှိတာဝန်ယူနေကြောင်းသိရ


ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မောင်တောမြို့နယ်၊ ဥက္ကဌ ဦးဘရွှေ၏
အတည်ပြုပြောပြချက်အရ မောင်တောနှင့် နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ကြည်း၊ရေ)တပ်ဖွဲ့များ ရောက်ရှိတာဝန်ယူနေကြောင်း သိရသည်။

၎င်းက “လုံခြုံရေးကတော့ စစ်တပ်ကရော၊ လုံထိန်းရော၊ အသင်းအဖွဲ့ရော အကုန်လုံးရှိပါတယ်၊ ညပိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်က လက်နက်နဲ့ဝင်လာတဲ့ လူတွေကို ရေတပ်က ပိုက်စိပ်တိုက်လိုက်ရှာနေတယ်လို့ သိရတယ်” ဟုပြောသည်။

လုံခြုံရေးတာဝန်ယူထားမှုအခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ အကြီးတန်းတာဝန်ရှိသူတစ်ဦး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် “မောင်တော-ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက်ံရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များအပြင် အရန်အဖြစ်တပ်မတော်မှ ဒုစခကမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကျက်ချထားလျက်ရှိကြောင်း၊ နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၆စီး ဖြန့်ကျက် ထားကြောင်း” ဖော်ပြထားသည်။