Pages

Saturday, June 2, 2012

ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်းဆောင်ရွက်မည်

Photo: ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် မှာဆက်သွားမယ်ဆိုရင် အမေရိကန်အနေနဲ့  မြန်မာနဲ့  စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့  အမေရိကန် ကာကွယ်ရေး ၀န်ကြီး Leon Panetta က ဒီကနေ့ ပြောပါတယ် ။

Mr.Leon Panetta က စင်္ကာပူနိုင်ငံ မှာ ကျင်းပတဲ့  အာရှလုံခြုံရေးဆိုင်ရာ ညီလာခံမှာ မိန့် ခွန်း ပြောရာမှာ အမေရိကန် အနေနဲ့  မြန်မာ နိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကို အားပေးနေကြောင်း ၊ ကာကွယ်ရေး ပိုင်း ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနဲ့ အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့  ဆွေးနွေးသွားမှာဖြစ်ကြောင်း ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့ အခွင့်အရေး အခြေအနေ တိုးတက်မှု တွေရှိဖို့ လိုအပ်ကြောင်း ဆက်လက် သတိပေး ပါတယ် ။

အဲဒီ့အာရှလုံခြုံရေးဆိုင်ရာ ညီလာခံကို နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှုးပြုလုပ် တာဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံက က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ် ။
အမေရိကန် ကာကွယ်ရေး ၀န်ကြီး Leon Panetta