Pages

Saturday, June 2, 2012

မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံဖို့ သြစတေးလျ စိတ်ဝင်စားနေ

သြစတေးလျ နိုင်ငံက မြန်မာနိုင်ငံမှာ စွမ်းအင် ရှာဖွေရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေး ပြည်ပနိုင်ငံတွေ နဲ့  ပူးပေါင်း ဆောင်ရွက်လိုကြောင်း Australia ၀န်ကြီး က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားေ၇းညီလာခံမှာ မနေ့ က ပြောပါတယ် ။

မနေ့ က အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ညီလာခံ အပြီး အလွတ်သဘော ပြောရာမှာ Australia စွမ်းအင် ၊ အရင်းအမြစ် နဲ့  ခရီးသွားလုပ်ငန်း ၀န်ကြီး Martin Ferguson က Australia နိုင်ငံက သတ္တုတွင်း နဲ့ ရေနံကုမ္ပဏီတွေကို ထိုင်းနိုင်ငံ က PTT ကုမ္ပဏီ ၊ အမေရိကန် အခြေစိုက် Chevron ကုမ္ပဏီ တွေနဲ့  ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ဖို့  အားပေးတိုက်တွန်း တယ်လို့ ဆိုပါတယ် ။ စွမ်းအင်အရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံ မှု ပမာဏကြီးမားတဲ့ အတွက် နည်းပညာ ကျွမ်း ကျင်မှု ၊ ကုန်ကျစရိတ် နဲ့ အရဲစွန့် လုပ်ရတာကို မိမိတို့ က စိုက်ထုတ်မယ်လို့ ဆိုပါတယ် ။

ဒါ့အပြင်Mr.Fergusenကရင်းနှီးမြှုပ်နှံလိုတဲ့ သူတွေအနေနဲ့  မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ဘဏ္ဍာ ရေးမူဝါဒချမှတ်မှု တွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေသလို သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ တွေလဲ ခိုင်မာမှု ရှိဘို့  အရေးကြီးတယ်လို့  ဆိုပါတယ် ။