Pages

Wednesday, June 27, 2012

ဖိလစ်ပိုင်ပင်လယ်ပြင်မှ မုန်တိုင်း DOKSURI ဟောင်ကောင်-မကာအိုသို့ ဦးတည်ဘွယ်ရှိ

ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း 07W – DOKSURI(ဖိလစ်ပိုင်အမည် DINDO) သည် လွန်ခဲ့သော ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၈၅ ကီလိုမီတာ(၁၅ နော်တီကယ်မိုင်နှုန်း) ဖြင့် ရွေ့လျားခဲ့ပြီး၊ မြို့တော်မနီလာ၏ အရှေ့-အရှေ့မြောက်ဘက် မိုင် ၃၇၀ ခန့်တွင် ဗဟိုပြုနေပါသည်။
ဇွန်လ ၂၇ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် T2K ထုတ်ပြန်ချက်အရ မုန်တိုင်း အရွယ်အစား အချင်း ၈၉၀ ကီလိုမီတာ ရှိနေပြီး ကြီးမားသည့် အရွယ်အစားဖြစ်ကြောင်း၊ ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းစွန်းအား ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ်အတွင်း Balintang ရေလက်ကြားမှတစ်ဆင့် ဟောင်ကောင်ကမ်းရိုးတန်းအနီး ကီလိုမီတာ ၆၀ ခန့်သို့ စနေနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရောက်ရှိဖြတ်သန်းမည် ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
07W DOKSURI
27 Jun 2012 0600Z
Location: 16.2° N -  127.8° E
Winds: 35 knots
Central Pressure: 996 hPa