Pages

Thursday, June 7, 2012

GSM Postpaid သုံးစွဲသူများ ပုဂ္ဂလိကဘဏ်များမှ တစ်ဆင့် ဘီလ်ပေးဆောင်ရမည်

ရန်ကုန်နှင့် မန္တလေးမြို့များရှိ GSM ဖုန်းများအား Postpaid စနစ်ဖြင့် သုံးစွဲနေကြသူများမှာ ၂၀၁၂ ခုနှစ် ဇွန်လအတွက် သုံးစွဲခ နှုန်းထားများ ပေးဆောင်ခြင်းကို မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၄ ခုတို့မှတစ်ဆင့် ပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေး နှိုးဆော်လိုက်သည်။

ငွေတောင်းခံကာလ သြဂုတ်လတွင် ထွက်ရှိလာမည့် ဇွန်လအတွက် ဖုန်းဘီလ် ပေးဆောင်ရခြင်းများကို မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိက ဘဏ်များဖြစ်သော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGDBank)၊ သမဝါယမဘဏ် (CBBank)၊ မြန်မာ့အရှေ့တိုင်းဘဏ် (MOB Bank) နှင့် ယူနိုက်တက်အမရာဘဏ် (United Amara Bank) များတွင် ပေးဆောင်ကြရမည် ဖြစ်သည်။


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ GSM ဖုန်းများ၏ သုံးစွဲခ ဘီလ်ပေးဆောင်မှုများကို Prepaid စနစ်မှ Postpaid စနစ်သို့ ပြောင်းလဲခြင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဆောင်ရွက်လျက် ရှိသော်လည်း Postpaid စနစ်အား ဆက်လက် သုံးစွဲလိုသူ မိဘပြည်သူများ အဆင်ပြေ ချောမွေ့စွာဖြင့် သုံးစွဲခ နှုန်းထားများကို ပေးဆောင်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မေ ၂၀၁၂ သုံးစွဲကာလ၏ အခွန်ငွေများအား ဘီလ်ထွက်ရှိမည့် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စာရင်းရှင်းလင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။