Pages

Wednesday, June 13, 2012

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းမှ ဖိလစ်ပိုင်ပင်လယ်သို့ ဦးတည်ရွေ့လျားလာမည့် အပူပိုင်းမုန်တိုင်း GUCHOL

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၌ ဇွန်လ ၁၁ ရက် နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ရောက်ရှိလာခဲ့သည့် လေဖိအားနည်းရပ်ဝန်း 05W  သည် ပိုမိုအားကောင်းလာကာ ဇွန်လ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရရှိသည့် NRL data များအရ အပူပိုင်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အမည် GUCHOL(05W)  ဟု အမည်ပေးထားပါသည်။
အပူပိုင်းမုန်တိုင်း GUCHOL သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်၍ ရွေ့လျားရင်း ပိုမိုအားကောင်းလာကာ လာမည့် ၄၈ နာရီအတွင်း အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ မုန်တိုင်း GUCHOL ၏ မုန်တိုင်းဗဟိုတွင် ဒီလှိုင်းအမြင့် ၁၃ ပေရှိပြီး၊ လက်ရှိ လေတိုက်နှုန်း တစ်နာရီမိုင် ၄၀ မှ ၅၀ ခန့်သာ ရှိပါသည်။ GUCHOL ၏ လက်ရှိအရွယ်အစားမှာအချင်း ၂၂၀ ကီလိုမီတာဖြစ်ပြီး၊ပိုမိုအားကောင်းလာသည်နှင့်အတူ အရွယ်အစားမှာလည်း ကြီးမားလာမည်ဖြစ်ပါသည်။
Size (in Diameter): 220 km (120 nm) [Small]
Max Sea Wave Height (near center):
13 ft
အပူပိုင်းမုန်တိုင်း GUCHOL သည် ဂူအမ်ကျွန်း၏ အနောက်တောင်ဘက် မိုင် ၃၈၀ ခန့်၊ Palau ကျွန်း အရှေ့-အရှေ့မြောက်ဘက် မိုင် ၄၃၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၁၃၆၀ ခန့် ပင်လယ်ပြင်တွင် ဗဟိုပြုလျှက်ရှိပြီး၊ လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်ဘက်သို့ တစ်နာရီ ၈ မိုင်နှုန်း ခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။ GUCHOL – လာမည့် နာရီ ၁၂၀ (ဇွန်လ ၁၈ ရက် မြန်မာစံတော်ချိန် နံနက် ၀၆း၃၀ နာရီအထိ ကြိုတင်ခန့်မှန်းထားသည့် မုန်တိုင်းလမ်းကြောင်းနှင့် ရောက်ရှိ ဗဟိုပြနိုင်မည့်နေရာမှာ ထိုင်ဝမ်ကျွန်း အရှေ့ဘက် မိုင် ၂၀၀ ခန့်ဖြစ်ပါသည်။
 
 ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းမှ ဖိလစ်ပိုင်ပင်လယ်သို့ ဦးတည်ရွေ့လျားလာမည့် အပူပိုင်း မုန်တိုင်း GUCHOL ၏ ခန့်မှန်း လမ်းကြောင်းနှင့် တည်နေရာ (အပေါ်)WUND မှ မုန်တိုင်း အခြေအနေနှင့် လမ်းကြောင်း ခန့်မှန်းပုံ(အောက်)
 
ဇွန်လ ၁၃ ရက် မြန်မာစံတော်ချိန် ၀၆း၃၀ နာရီတွင် ရရှိသည့် wind shear မြေပုံ(အောက်)