Pages

Thursday, June 14, 2012

အားကောင်းလာမည့် မုန်တိုင်း GUCHOL(05W) နှင့် လေပြင်းအန္တရာယ်

ဇွန်လ ၁၄ ရက်၊ ညနေပိုင်းတွင် ဖိလစ်ပိုင် ပင်လယ်သို့ စတင်ဝင်ရောက်လာတော့မည့် အပူပိုင်းမုန်တိုင်း GUCHOL(05W) သည် ၂၄ နာရီအတွင်း အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း၊ ဇွန်လ ၁၇ ရက်(၇၂ နာရီအတွင်း) အဆင့် ၂ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိလာမည်ဟု TSR မှ ခန့်မှန်းထားပြီး မုန်တိုင်းသည် မြောက်ဘက်သို့ ရွေ့လျားရာမှ အရှေ့ဘက် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းသို့ လာမည့် နာရီ ၁၂၀(ဇွန်လ ၁၉ ရက် မြန်မာစံတော်ချိန် နံနက် ၀၆း၃၀ နာရီ နောက်ပိုင်း) တွင် ဦးတည် ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။
အားကောင်းလာမည့် မုန်တိုင်း GUCHOL(05W) နှင့် ဘင်္ဂလားပင်လယ်အော်၊ မုတ္တမကွေ့၊ မွန်တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ဇွန်လ ၁၄ ရက် မှ စတင်၍ တစ်နာရီ မိုင် ၄၀ နှင့်အထက် အနောက်ဘက်မှတိုက်ခတ်နိုင်မည့်  လေပြင်းအန္တရာယ်ရှိနေကြောင်း၊ လေပြင်းအန္တရာယ်သည် ဇွန်လ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃၀ နာရီအထိ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း အောက်ဖေါ်ပြပါ လေပြင်းတိုက်ခတ်မှုပြ ပုံများတွင် လေ့လာနိုင်ပါသည်။
ှSlide show