Pages

Friday, June 15, 2012

ဖိလစ်ပိုင်ပင်လယ်မှ GUCHOL ၂၄ နာရီအတွင်း တိုင်ဖွန်းမုန်တိုင်း အဆင့်-၃ ဖြစ်လာတော့မည်

By mmweather.ygn, on June 15th, 2012 
ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း GUCHOL(ဖိလစ်ပိုင်အမည် BUTCHOY) -05W) သည်၊ ဇွန်လ ၁၆ ရက်၊ မြန်မာစံတော်ချိန် ၁၂း၃၀ နာရီ(0600 UTC) တွင် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာတော့မည်ဟု TSR မှ ခန့်မှန်းထားပါသည်။
လက်ရှိအချိန်တွင် အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း GUCHOL သည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကွန်း၏ အရှေ့ဘက် မိုင် ၃၄၀ ခန့်၊ မနီလာမြို့တော် အရှေ့တောင်ဘက် မိုင် ၇၄၀ ခန့် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗဟိုပြုလျှက်ရှိပြီး မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၁၁ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျှက်ရှိပါသည်။
မုန်တိုင်းအရွယ်အစား အချင်း ၅၂၀ ကီလိုမီတာ(၂၈၀ နော်တီကယ်မိုင်) ရှိနေပြီး မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၁၀၅ မိုင် ၁၂၅ မိုင် နှုန်း အထိ ရှိမည်ဖြစ်ကြောင်း၊ မုန်တိုင်း ဒီလှိုင်းအမြင့် ပေ ၃၀ ရှိမည်ဖြစ်ကြောင်း၊ ယခု အရွယ်အစားအတိုင်းဆက်လက်ရှိနေမည်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းကမ်းခြေများအတွက် မိုးရွာသွန်းမှု ပိုမိုလာနိုင်ပြီး၊ မုန်တိုင်းလေပြင်း တိုက်ခတ်ခံရနိုင်ဘွယ် မရှိကြောင်း သိရပါသည်။
  သရုပ်ပြပုံများကိုအောက်ဖက်တွင်ကြည့်ပါ။


05W GUCHOL (မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နေ့လည် ၁၂၃၀ နာရီ – NRL data)
15 Jun 2012 0600Z
Location: 10.4 131.2
Winds: 85 knots (Category 2)
Central Pressure: 959 hPa

 
တိုင်ဖွန်းမုန်တိုင်း GUCHOL(ဖိလစ်ပိုင်အမည် BUTCHOY) ဆက်လက်ရွေ့လျားမည့်လမ်းကြောင်းနှင့် မုန်တိုင်း၏ အချင်းစက်ဝိုင်းများကို အပေါ်ပုံတွင် တွေ့မြင်နိုင်ပါသည်။
Typhoon GUCHOL: Current Data (TSR မှ မုန်တိုင်း လက်ရှိအခြေအပြေဇယား)
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
15 Jun, 6:00 0 hrs 10.7 N 131.2 E 90 kts 2 Click Here Click Here Click Here
FORECAST DATA
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
15 Jun, 18:00 12 hrs 11.8 N 130.1 E 95 kts 2 To 12 hrs To 12 hrs Click Here
16 Jun, 6:00 24 hrs 13.4 N 128.9 E 100 kts 3 To 24 hrs To 24 hrs Click Here
17 Jun, 6:00 48 hrs 18.3 N 127.0 E 110 kts 3 To 48 hrs To 48 hrs Click Here
18 Jun, 6:00 72 hrs 23.7 N 127.1 E 105 kts 3 To 72 hrs To 72 hrs Click Here
19 Jun, 6:00 96 hrs 29.8 N 130.2 E 85 kts 2 To 96 hrs To 96 hrs N/A
20 Jun, 6:00 120 hrs 35.8 N 138.3 E 50 kts TS To 120 hrs To 120 hrs N/A

 
 WUND မှ မုန်တိုင်း ဂျပန်နိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်နိုင်မည့် လမ်းကြောင်းပြပုံ(အပေါ်)