Pages

Sunday, June 24, 2012

KIA တပ်ဖွဲ့အတွင်း လယ်စိုက်မည်ဟု အကြောင်းပြပြီး ထွက်ပြေးမှုများဖြစ်ပေါ်လျက်ရှိ

Ko Myo      (Facebook)
KIA တပ်ဖွဲ့အတွင်း လယ်စိုက်မည်ဟု အကြောင်းပြပြီး ထွက်ပြေးမှုများဖြစ်ပေါ်လျက်ရှိ

KIA ရင်း(၂၅) ရှိ တပ်ဖွဲ့ဝင်များထဲမှ မြို့သစ်ရွာနဲ့ ၎င်းရွာအနီးရှိ ရွာများမှ တပ်ဖွဲ့ဝင် (၂၀)ဦးဟာ မိုးရာသီ လယ်ယာစိုက်ပျိုးရန်ခွင့်တောင်း ခွင့်တောင်းတဲ့အတွက် ဇွန် (၁၀) ရက်နေ့က နေစပြီး ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ အမှန်တကယ် လယ်စိုက်သူများက အနည်းငယ်ဘဲရှိပြီး အများစုမှာ ခွင့်ယူပြီး ထွက်ပြေးနေကြပါတယ်။ ဒါကြောင့် အမာခံတွေကနေ ရွာတွေမှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေကို စာရင်းလိုက် ကောက်နေပြီး နောက်ထပ် ခွင့်ယူမည့်သူများဟာ လယ်ယာမြေ အမှန်တကယ် ပိုင်ဆိုင်ကြောင်းကို ရွာ အုပ်ချုပ်ရေးမှူး အာမခံချက်ပေးမှသာ ခွင့်ပေးမယ်လို့လဲ သိရပါတယ်။
ရင်း(၂၅)မှ တပ်ကြပ်ကြီး လရိန်နဲ့ အခြား ၃ ဦးကို ထွက်ပြေးတဲ့သူတွေကို ဖမ်းဆီးဖို့ မြို့သစ်ရွာဝန်းကျင်ကို လွတ်ထားပြီး လယ်စိုက်တာမဟုတ်ဘဲ ထွက်ပြေးတဲ့သူတွေကို သတ်ပစ်ဖို့ အမိန့်ပေး ထားတယ်လို့လဲသိရပါတယ်။ KIA တပ်ဖွဲ့ဝင်တွေအတွင်းမှာ ရိက္ခာ ထောက်ပံ့မှုတွေ၊ ဆေးဝါးတွေ မလုံလောက်ဖြစ်နေတာရယ်၊ အတင်းအဓမ္မလူသစ် စုဆောင်းလို့ ရောက်လာတဲ့ သူတွေရယ်ကြောင့် စိတ်ဓာတ်ခိုင်မာမှုမရှိတဲ့သူတွေများပြားပြီး အခုလိုထွက်ပြေး မှုတွေများပြားနေရတာဖြစ်ပါတယ်။
ဒါအပြင် အစိုးရတပ်တွေနဲ့တိုက်ခိုက်တဲ့ အချိန်မှာ ထိခိုက် ကျဆုံးမှုတွေများပြီး ဒဏ်ရာရတဲ့ သူတွေကိုလဲ သေသေချာချာ ဆေးကုသမှုမရှိခဲ့ပါဘူး။ ဗဟိုက အတင်း တိုက်ခိုင်း၊ မိုင်းထောင်ခိုင်းတဲ့ အလုပ်တွေက ကချင်လူမျိုးအချင်းချင်း ဒုက္ခပေးနေတဲ့လုပ်ရပ်တွေ ဖြစ်တာကြောင့် တပ်ဖွဲ့ဝင်တွေက အဲဒီ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ချင်ကြတော့ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ထွက်ပြေးမှုတွေ များပြား နေရတယ်လို့ ရင်း (၂၅)ရှိ တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့ပါတယ်။