Pages

Tuesday, June 5, 2012

တိုင်ဖွန်းမုန်တိုင်း MAWAR အားလျော့လာပြီ

ဇွန်လ ၅ ရက် ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရရှိသည့် NRL data များအရ၊ တိုင်ဖွန်းမုန်တိုင်း MAWAR(04W) သည် – အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ လျော့ကျသွားကာ၊ အရှေ့ဖိလစ်ပိုင် ပင်လယ်ပြင်မှ ထွက်ခွာသွားပြီဖြစ်ပြီး အရှေ့မြောက်ဘက်သို့ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတောင်ဘက် ၁၃၅ ခန့်မှ ဖြတ်သန်းရွေ့လျားလျက်ရှိပါသည်။
မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၁၈၅ ကီလိုမီတာ(၁၀၀ နော်တီကယ်မိုင်နှုန်း) ရှိနေပြီး၊ မုန်တိုင်းဒီလှိုင်းအမြင့် ၃၂ ပေ ရှိကာ၊ မုန်တိုင်းအရွယ်အစားမှာ အချင်း ၇၆၀ ကီလိုမီတာ(၄၁၀ နော်တီကယ်မိုင်) ရှိသည့် ကြီးမားသော အရွယ်အစားဖြစ်ပါသည်။
တိုင်ဖွန်းမုန်တိုင်း MAWAR oည် လာမည့် ၂၄ နာရီအတွင်း၊ ဇွန်လ ၆ ရက်  မြန်မာစံတော်ချိန် နံနက် ၀၆း၃၀ နာရီတွင် အပူပိုင်းမုန်တိုင်း အဆင့်သို့ ဆက်လက် အားလျော့သွားမည်ဟု TSR မှ ခန့်မှန်းထားပါသည်။