Pages

Thursday, July 5, 2012

ရုပ်ရှင်အစည်းအရုံး စေတနာရှင် အလှူအဖွဲ့ ကချင်တိမ်းရှောင် စခန်းများသို့ အလှူဒါနပြု


ရန်ကုန်၊ ဇူလိုင် ၃
မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ ကချင်ပြည်နယ်အတွင်း နယ်မြေ လုံခြုံရေးအရ ပြောင်းရွှေ့ လာကြသော တိမ်းရှောင်စခန်း ၆ဝ သို့အလှူငွေ၊ အဝတ်အထည်နှင့်   ဆေးဝါးများကို ယနေ့ ဇူလိုင်လ ၃ ရက် ညနေ ၅ နာရီက ကချင်ပြည်နယ် အစိုးရ အဖွဲ့မှ တစ်ဆင့် လှူ ဒါန်းခဲ့သည်။  ရှေးဦးစွာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်းက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
အဆိုပါ လှူဒါန်းမှုကို ကချင် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လူမှု ရေးဝန်ကြီး ဒေါ်ဘောက်ဂျာက လက်ခံ ရယူခဲ့ပြီး ရုပ်ရှင်အစည်းအရုံး စေတနာ အလှူရှင်များကိုယ်စား သရုပ်ဆောင်လူမင်းမှ မုဒိတာစကား ပြောကြားခဲ့သည်။ နယ်မြေလုံခြုံရေးအခြေအနေ အရ တိမ်းရှောင် လာသော မြစ်ကြီး နားမြို့နယ်ရှိစခန်း ၂၄ ခု၊  ဝိုင်းမော် မြို့နယ်ရှိ စခန်း ၁၃ ခု၊ ဗန်းမော် ခရိုင်အတွင်းရှိ စခန်း ၂၃ ခု၊ မိုးကောင်းစခန်းရှိ စခန်း ၃ ခု၊ တိန်နိုင် အသင်းတော်ရှိ စခန်း ၁ခု စုစုပေါင်း စခန်း ၆ဝ ကျော်၊ လူဦးရေ ၂၅၇၄၆ အတွက် ငွေကျပ်သိန်း ၃ဝဝ နှင့် လိုအပ်ပစ္စည်း အထုပ် ၅ဝ ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး စေတနာရှင်များက လှူဒါန်းခဲ့ ခြင်းဖြစ်သည်။