Pages

Sunday, July 15, 2012

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမီးလောင်မှုဖြစ်ပွား










သန်းနိုင်ဦး


ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် ဇူလိုင်လ ၁၅ ရက်ညနေ ၆ နာရီကျော်အချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယသံရုံးရှိ အဆောက်အအုံဧ။် တတိယအထပ်မှ စတင်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်လမ်းမကြီးဘေးရှိ မျက်မြင်များ ဧ။်ပြောကြားချက် အရသိရသည်။

"ဘယ်ကစပြီးတော့ လောင်တယ်ဆိုတာ မသိရှိရသေးပါဘူး အခုမီးငြိမ်းသွားတဲ့အတွက် စစ်ဆေးမှုတွေပြုလုပ်နေပါတယ်" ဟု ယင်းအိန္ဒိယ သံရုံးမီးလောင်မှုတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကပြောကြားသည်။ ယင်းမီးလောင်မှုသည့် ညနေ ၆နာရီ ၅ မိနစ်ခန့်တွင်စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး ၆ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း ယင်းကဆက်လက်ပြောကြားသည်။

အဆိုပါ အိန္ဒိယ သံရုံးမီးလောင်မှုကြောင့် ကုန်သည်လမ်းမကြီးကို အချိန် ၁ နာရီခန့် လမ်းပိတ်ထားပြီးနောက် ပြန်လည်ဖွင့်ပေးခဲ့ကြောင်းသိရသည်။

"၆ နာရီကျော်လောက်က အဲဒီသံရုံးရဲ့ အလံတိုင်နားပြတင်းပေါက်က မီးခိုးတွေထွက်လာတာတွေ့ရတယ်" ဟု အဆိုပါမီးလောင်မှုကို မြင်တွေ့ခဲ့သည့် ကုန်သည်လမ်းမပေါ်တွင် ဈေးရောင်းချသည့် အသက်၃၀ခန့် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

သန်းနိုင်ဦး