ရခိုင်ပြည်နယ်အတွင်း တရား မ၀င် ၀င်ထွက်သွားလာမှုများကို ထိန်းချုပ်ကာကွယ်ရန် အတွက် ကာကွယ်ရေးတံတိုင်းကို တောင်ကုတ်ဒေသနဲ့ ဘူးသီးတောင်ဒေသ တွေမှာဖွဲ့စည်းကာရံထားပြီး အုပ်ချုပ် ရေးတံတိုင်းအဖြစ် ဌာနဆိုင်ရာများမှ မောင်တောခရိုင် ဖွဲ့စည်းပုံအင်အား ပြည့်ခန့်အပ်ပြီး တည်ဆဲဥပဒေ နှင့် အညီ ဒေသခံတိုင်းရင်းသားများ အပေါ် အန္တရာယ်ပြုလာမည့် ကိစ္စများကို ကာကွယ်တားဆီးသွား မည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ ''လူမျိုးတွေ ရောနှောနေထိုင်တဲ့နေရာတွေမှာ တိုက်ခိုက်မှုတွေ ထပ်မံမဖြစ်ပွားဖို့အတွက် လုံခြုံရေးတာဝန်ချထားဖို့အတွက် လိုအပ်တဲ့ ရဲစခန်းအဆင့်တိုးမြှင့်ခြင်း၊ အသစ်ထပ်မံဖွင့်လှစ်ခြင်းကို ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိမှာတော့ ရဲစခန်း ၇၅ ခုရှိပြီး၊ရဲစခန်း ၃၀ ခု ထပ်မံဖွင့်လှစ် ဖို့နဲ့ ရဲစခန်း ၈ ခုကို အဆင့်မြှင့်တင်သွားဖို့ရှိပါတယ်'' ဟုဆက်လက်ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ စိမ့်ဝင်မှုမရှိစေရန်အတွက် မြို့နယ်များတွင် ရှိသည့် အဝေးပြေးကားဂိတ်များ ၊တံတား ဂိတ်များ၊သင်္ဘောဆိပ်များ၊စက်လှေဆိပ်၊ ပင်လယ်ကမ်းခြေ၀င်ပေါက်များ နှင့်မြစ်ကြောင်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်စုများပါဝင်သည့် အဖွဲ့များ နှင့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေး အစီအမံများချ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင် လာသူများကို ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထား ပြီး ၂၀၁၂ ဇူလိုင် ၈ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်းအရေအတွက်မှာ စစ်တွေတွင် ၆၀ခု၊ ရသေ့တောင် ၄ ခု၊မောင်တောတွင် ၇ ခုရှိပြီး လူဦးရေ ၅၅၄၉၅ ဦး၊ မောင်တောမြို့တွင် မီးလောင်ပျက်ဆီးသွားသည့်ရွာ ၉ရွာ အိမ်ခြေ ၄၇၀အနက် ၃၉၅လုံး ကို အသစ်ဆောက်လုပ်ပြီး မီးမလောင်ပဲ ကျန်ရှိခဲ့သည့် အိမ် ၉၄ လုံးကို ပြင်ဆင်မွမ်းမံထားကာ ၂၀၁၂ ဇူလိုင်လ ၂ ရက်နေ့ အထိ အိမ် ၃၂ လုံးကို ဆောက်လုပ်ပြီးဖြစ်ကာ ၅၈ လုံးကို ပြုပြင်ပေးထားကြောင်း သိရသည်။ Eleven Media Group |
Pages
▼