Pages

Tuesday, July 3, 2012

လယ်ယာမြေ အငြင်းပွားမှုတွင် ပါဝင် ဆက်နွယ်သော နိုင်ငံရေး သမားများကို တရားစွဲဆိုမည်



ဦးနေမျိုးဝေ 
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာမှ တောင်သူများနှင့် လယ်ယာမြေ အငြင်းပွားမှု ဖြစ်ပွားနေသော ဇေကမ္ဘာ ကုမ္ပဏီ ဦးခင်ေ၇ွှက လယ်ယာမြေ အငြင်းပွားမှုဖြစ်ပွား အောင် လှုံ့ဆော်ခဲ့ကြသည့် နိုင်ငံရေးသမားများနှင့် ပါတီများကို တရားစွဲဆိုရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သတင်းမီဒီယာများကို ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် နိုင်ငံရေး သမားများနှင့် နိုင်ငံရေး ပါတီများကို တရားစွဲဆိုရန် ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ရွှေနံ့သာ ကျေးရွာမှ လယ်ယာတောင်သူများကိုမူ ပြန်လည် တရားစွဲ ဆိုမည် မဟုတ်ကြောင်း ၄င်းက ဆိုသည်။

ရွှေနံ့သာ ကျေးရွာမှ လယ်သမားများက လယ်ယာမြေ အဓမ္မ အသိမ်းခံခဲ့ရမှုများကြောင့် ဇေကမ္ဘာ ဦးခင်ရွှေကို မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် လိမ်လည်မှုဖြင့် တရားစွဲဆိုရန် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးနေမျိုးဝေကို ကိုယ်စားလှယ် လွှဲစာပေးအပ်ခဲ့ကြသည်။

The Voice Weekly